လူ့အခွင့်အရေးမှတ်တမ်းကွန်ယက် (ND-Burma) မှစီစဉျ ကျင်းပသော ဒုတိယအကြိမ်မြောက် လူ့အခွင့်အရေးမှတ်တမ်း တင်ခြင်း (ဆရာဖြစ်) သင်တန်းကို ရန်ကုန်မြို့တွင် သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့ထိ ၃၁ ရက်ကြာ ကျင်းပခဲ့သည်။

လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်း (ဆရာဖြစ်)သင်တန်းတွင် လူ့အခွင့်အရေးဘာသာရပ်၊ မှတ်တမ်းတင်ခြင်း၊ တွေ့ဆုံမေး မြန်းခြင်း၊ လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် အဓိပ်ပယ်သတ်မှတ်ချက်များ၊ အသွင်ကူးပြောင်းရေးကာလ အမှန်တရားရှာဖွေ မှု၊ စည်းရုံးလှုံဆော်ခြင်းဆိုင်ရာမိတ်ဆက်၊ မှတ်တမ်းထိန်းသိမ်းဖြင်း၊ သင်တန်းနည်းပြအရည် အသွေး၊ သင်တန်းအထောက် အကူပြု ပစ်စည်းများ ရှာဖွေပြင်ဆင်ခြင်း၊ သင်တန်းတခုစီစဉ်ဆောင်ရွက်ရာတွင် ပြင်ဆင်ရမည့်အချက်များ စသည့် ဘာသာ ရပ်များကို သင်တန်းဆရာ ၄ဦးတို့မှ သင်ကြားပြသသွားသည်။

သင်တန်းသို့ ND-Burma အဖွဲ့၀င် အဖွဲ့အစည်းများဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT)၊ တအောင်းကျောင်းသားနှင့် လူငယ် များအစည်းအရုံး(TSYO)၊ ပလောင်အမျိုးသမီးအဖွဲ့(PWO) နှင့် မိတ်ဘက်အဖွဲ့အစည်းများဖြစ်ကြသော ပအို့ငယ်အ စည်းအရုံး (PYO)၊ ထား၀ယ်လူငယ်အစည်းအရုံး၊ ထား၀ယ်အမျိုးသမီးအဖွဲ့၊ ထား၀ယ်ဒေသဖွံ့ဖြိုးရေးအဖွဲ့၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) ၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်(ဖယ်ခုံ)ဒေသ တို့မှ သင်တန်းသား၊ သင် တန်းသူ ၁၆ ဦးတက်ရောက်ခဲ့ကြသည်။ သင်တန်းကာလအတွင်း သင်တန်းသားများသည် HRDP ရုံးခန်း၊ နိုင်ငံရေးအကျဉ်သားဟောင်းများအဖွဲ့ရုံး၊ လူ့ဘောင်သစ်ဒီ မိုကရက်တစ်ပါတီရုံး နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးများသို့ သွားရောက်လေ့လာလည်ပါတ်ခဲ့ သည်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ယက်(မြန်မာနိုင်ငံ) သည် ၂၀၀၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး  လူ့အခွင့်အရေးမှတ်တမ်းတင် နေသည့် တိုင်းရင်းသားအဖွဲ့အစည်း ၁၂ ဖွဲ့ပေါင်းစည်းထားသည့်အဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖေါက်ခံ ရသည့်အဖြစ်အပျက်များကို မှတ်တမ်းပြု၊ ထိမ်းသိမ်းကာ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေများကို နိုင်ငံတကာမှသိရှိ အောင် လှုံ့ဆောင်ဆောင်ရွက်နေပြီး ရေရှည်တွင်လည်း စစ်မှန်သည့် အသွင်ကူးပြောင်းရေးကာလတွင် လူ့အခွင့်အရေးချိုး ဖောက်ခံရသူများအတွက် အမှန်တရားနှင့် တရားမျှတမှုရှာဖွေနိုင်ရန် ဆောင်ရွက်နေသည်။