၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လအထိ (၆) လတာကာလအတွင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှု ၁၄၇ ခုကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (ND-Burma) မှ မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

အဆိုပါ ချိုးဖောက်မှုများကို လက်နက်ကိုင် ပဋိပက်ခ ဖြစ်ပွားနေသည့် ဒေသများနှင့် အပစ်အခတ်ရပ်စဲရေးဒေသများတွင်ပါ တွေ့ရှိရသည်။ ချိုးဖောက်မှု တခုချင်းစီ သည် တိကျသည့် အဖြစ်အပျက်များဖြစ်သော်လည်း၊ သတ်ဖြတ်ခြင်းခံရသည့် သူတဦးမှ စ၍ အတင်းအဓမ်မစေခိုင်းခံရသူ အများ အပြားနှင့် အတင်းအဓမ်မရှှေ့ပြောင်းခံရသည့် ကျေးရွာရှိ ရွာသားများ အပါအ၀င် ကျူးလွန်ခံရသူ အများအပြား ရှိနိုင်သည်။ ND-Burma ၏ တွေ့ရှိချက်များက ပြသနေသည်မှာ အစိုးရအနေဖြင့် လက်နက်ကိုင်အင်အားစုများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်များရရှိသည်အထိ တိုးတက်မှုများရှိနေသော်ငြားလည်း မြန်မာပြည်သူများအား လူ့အခွင့်အ ရေးအရ အကာအကွယ်ပေးနိုင်မှု မဆိုသလောက်သာ ရှိသည်ဟူသည့် အချက်ဖြစ်သည်။ ထို့အပြင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအား ဆက်လက် ဖမ်းဆီးနေမှုက အစိုးရအနေဖြင့် လူထုအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူ့အခွင့်အရေးကိစ်စများအတွက် အကာအကွယ်ပေးရန် အလေးအနက်မထားသည်ကို ပြသနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်စ၍ အစိုးရအနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ ချက်များရရှိစေရန် ကြိုးပမ်းညှိနှိုင်းဆောင်ရွက်လျှက်ရှိသည်။ သို့သော်လည်း အဖွဲ့အစည်း ၁၄ ဖွဲ့နှင့်သာ တဖွဲ့ချင်းအလိုက် ပဏာမအ ဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးနိုင်သေးပြီး၊ အစိုးရတပ်များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူချက် မရသေး သည့် အဖွဲ့ ၂ဖွဲ့နှင့်ရော၊ သဘောတူချက်ရထားသည့် အဖွဲ့များနှင့်ပါ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျှက်ရှိသည်။

Download