၂၀၁၀ ရွေးကောက်ပွဲကာလမှစ၍ ညဉ်းပန်းနှိပ်စက်မှုများ နှင့် အနိုင်အထက် ပြုကျင့်မှု လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ထားသော အစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်း

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)သည် ၂၀၁၀ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီးမှစ၍ မြန်မာအစိုးရက ကျူးလွန်ခဲ့သော ညှဉ်းပန်းနှိပ်စက်မှုနှင့် အနိုင်အထက်ပြုကျင့်မှု လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ထားသော အစီရင်ခံစာအသစ်တစောင် ထုတ်ပြန်လိုက်သည်။

အစီရင်ခံစာကို မေလ ၃၂ ရက်နေ့ ကြာသပတေးနေ့ မနက် ၁၀ း ၃၀ နာရီနိုင်ငံခြားသတင်းထောက်များကလပ် (ထိုင်းနိုင်ငံ) The Foreign Correspondents’ Club of ThailandPenthouse, Maneeya Center, 518/5 Ploenchit Road, Bangkok

(connected to the BTS Skytrain Chidlom station) တွင် သတင်းစာရှင်းလင်းပွဲနှင့်အတူ ထုတ်ပြန်သွားမည်ဖြစ်သည်။ “တရားလွန်ပြုကျင့်မှုများ၊ ၂၀၁၀ ရွေးကောက်ပွဲကာလမှစ၍ ညဉ်းပန်းနှိပ်စက်မှုများ နှင့် အနိုင်အထက် ပြုကျင့်မှုများ” အမည်ရသော အစီရင်ခံစာတွင် အကျဉ်းထောင်များ၊ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသော တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားခဲ့သော ညှဉ်းပန်းနှိပ်စက်မှုနှင့် အနိုင်အထက်ပြုကျင့်မှု လူ့အခွင့်အရေး ချိုးဖောက်မှု ၈၃ ခုကို မှတ်တမ်းတင်ထားသည်။

နိုင်ငံတကာလူ့အခွင့်အရေးစာချုပ်များ၊ အခြေခံစည်းမျဉ်းများနှင့် စည်းနှောင်ထားသော်လည်း မြန်မာနိုင်ငံတွင် ၎င်းလူ့အခွင့် အရေး ချိုးဖောက်မှုများကို ဖြေရှင်းပေးနိုင်သော ပြည်တွင်းဥပဒေပြုမှု (သို့မဟုတ်) လွတ်လပ်သော တရားရေးစနစ် မရှိသည့်အပြင် ထိရောက်သော လူ့အခွင့်အရေးကော်မရှင်လည်း မရှိပေ။ ညှဉ်းပန်းနှိပ်စက်မှု နှင့် အနိုင်အထက်ပြုကျင့်မှု လူ့အခွင့်အရေးချိုးဖောက်မှုများကို တရားဥပဒေအရ အရေးယူခြင်းမရှိ လက်လွတ်စပယ် ကျူးလွန်နေသည်။ ထိုအခြေအနေ သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွက် အရေးကြီးသော အဟန်အတားတခုဖြစ်သည်။

ND-Burma အဖွဲ့ဝင်အဖွဲ့အစည်းများမှ ဦးဆောင်ဆွေးနွေးမည့်သူများသည် အစီရင်ခံစာအကျဉ်းချုပ်၊ နိုင်ငံရေးအကျဉ်းသားနှင့် ပတ်သက်၍ ချိုးဖောက်မှုအခြေအနေ၊ တိုင်းရင်းသားလူမျိုးများ အထူးသဖြင့် အမျိုးသမီး နှင့် ကလေးများအပေါ် ချိုးဖောက်မှု အခြေအနေကို ရှင်းလင်းတင်ပြကြမည်ဖြစ်သည်။

ဦးဆောင်ဆွေးနွေးသူများမှာ
ကိုထွန်းဇော် (All Arakan Students’ and Youths’ Congress)
ကိုမင်းမင်း (Assistance Association for Political Prisoners – Burma)
ခွမ်းဆန်ပန် (Kachin Women’s Association –Thailand)

ပိုမိုသိရှိလိုပါက
ကိုထွန်းဇော် – 66816808934 or twanzaw@gmail.com
မွန်းနေလီ – 66856251912 or moonnayli@gmail.com