Croatia နိုင်ငံမှာ အမျိုးသား သူရဲကောင်း အဖြစ် လူ အများက ယူဆကြတဲ့ ဗိုလ်ချုပ်ကြီးဟောင်း အန်တီ ဂိုတိုဗီးနား ကို လူမဆန်တဲ့ ရက်စက်မှု၊ စစ်ရာဇဝတ်မှု၊ ညှင်းပမ်း နှိပ်စက်မှုတို့

ကျူးလွန် ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာ စစ်ရာဇဝတ် ခုံရုံးက ထောင်ဒဏ် ၂၄ နှစ် ချမှတ် လိုက်ပါတယ်။

တရားရုံးရဲ့ တွေ့ရှိချက်တွေ အရ ဆုံးဖြတ် ချက်ကို တရားသူကြီးက ပြောသွားရာမှာ ယူဂို ဆလားဗီးယား ပြည်ထောင်စု ပြိုကွဲခဲ့တဲ့ ကာလ အတွင်း ၁၉၉၅ ခုနှစ်က ခရိုအေးရှား နိုင်ငံ ကရာဂျီးနား ဒေသ အပြင်ကို ဆဗ် လူမျိုးတွေ ထွက်ပြေး ကြရတဲ့ တိုက်ခိုက်မှု တွေကို စီစဉ် ညွှန်ကြား ခဲ့မှုနဲ့ ဗိုလ်ချုပ်ကြီးဟောင်း အန်တီ ဂိုတိုဗီးနားမှာ အပြစ် ရှိတယ်လို့ တွေ့ရှိရ တာကိုလည်း ပြောသွား ပါတယ်။

မစ္စတာ ဂိုတိုဗီးနားဟာ The Hague မြို့မှာ ရှိတဲ့ ကုလသမဂ္ဂ စစ်ခုံရုံးကနေ ပြစ်ဒဏ် ချမှတ် ခံခဲ့ရတဲ့ ခရိုအေးရှား ခေါင်းဆောင်တွေ ထဲမှာ ထင်ရှားတဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်ပါတယ်။

သူနဲ့ အတူ စွပ်စွဲ ခံခဲ့ရတဲ့ Mladen Markac ကတော့ ထောင်ဒဏ် ၁၈ နှစ် ချမှတ် ခံခဲ့ရပါတယ်။ သူတို့ ရဲ့ ရှေ့နေတွေက ဒီဆုံးဖြတ်ချက် အပေါ် အယူခံ ဝင်မယ်လို့ ပြောကြ ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း နောက်တစ်ယောက် ဖြစ်တဲ့ Ivan Cermak ကိုတော့ တရားရုံးက တရားသေ လွှတ်ခဲ့ပါတယ်။

သူတို့သုံးယောက် စလုံးက သူတို့မှာ အပြစ် မရှိဘူလို့ ပြောခဲ့ကြ ပါတယ်။

အခု တရားစီရင်မှု အပေါ် ခရိုအေးရှား အစိုးရနဲ့ ပြည်သူတွေက ဒေါသ တကြီး တုံ့ပြန်ခဲ့ကြပါတယ်။

Sources by : BBC Burmese