ရန်ကုန်တိုင်း ဒလမြို့နယ်က အသက် ၁၅ နှစ်သာရှိသေးတဲ့ မောင်အောင်ကိုလင်းဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်သားအဖြစ် စုဆောင်းခံခဲ့ ရပါတယ်။

သားဖြစ်သူ မောင်အောင်ကိုလင်းဟာ မတ်လ ၁၇ ရက်နေ့ကတည်းက ကော်ပြန့်သွားအဝယ် လမ်းမှာ စစ်သားအဖြစ် စုဆောင်းခံခဲ့ရပြီး အခု လားရှိုးမြို့ ခလရ ၂၉၀ တပ်ရင်းမှာ တာဝန်ကျ နေတယ်လို့ မိခင်ဖြစ်သူက ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စကို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကို တိုင်တန်းထားပေမယ့် အခုအချိန် အထိ ဘာမှ မထူး ခြားသေးဘူးလို့ ဆိုပါတယ်။

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အတွင်းမှာတော့ အသက် ၂၀ ဝန်းကျင် လူငယ်တွေကို အလို မတူပဲ စစ်သားအဖြစ် အဓမ္မ စုဆောင်းခံ ရတာတွေ ရှိနေ ပါတယ်။

ကျောက်တံခါးမြို့နယ် အရိုင်းစုရွာက အသက် ၂၀ ဝန်းကျင် စေါကလေးထူးနဲ့ စေါချမ်းဒေးတို့ နှစ်ဦးကို သာစည်ဘူတာကနေ စစ်သား နှစ်ဦးက ဖမ်းဆီး ခေါ်ဆောင် သွားပြီး အရာခံဗိုလ် ဆီ အပ်လိုက်တယ်လို့ ဖခင်ဖြစ်သူ က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း ဒီလူငယ်နှစ်ဦး ဘယ်ရောက်နေတယ်ဆိုတာ အတိအကျ မသိရ သေးဘူးလို့ ဆိုပါတယ်။

အသက်ပြည့်သူတွေ ဖြစ်ပေမယ့်လည်း အလိုမတူပဲ အဓမ္မ ခေါ်ဆောင် ခံခဲ့ ကြရတာ ဖြစ်လို့ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် ကို တိုင်တန်းထားတာ ဖြစ်တယ်လို့ ပြော ပါတယ်။

ဒီနှစ်ထဲမှာ ကလေး စစ်သား တိုင်ကြားမှုပေါင်း ၅၀ ကျော်ရှိခဲ့ပြီး ၃ နှစ်အတွင်း ကလေးစစ်သားတိုင်ကြားမှု ၂၀ ကျော်ရှိတယ်လို့ ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် နဲ့ ပူးပေါင်း ဆောင်ရွက် နေတဲ့ စမ်းချောင်းမြို့နယ် NLD အဖွဲ့ချုပ် ဥက္ကဌ ဦးသက်ဝေ က ဘီဘီစီ ကို ပြောပြ ပါတယ်။