နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) တည် ထောင်သည့် ဆယ်နှစ်ပြည့် အထိမ်းအမှတ်နှင့် အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနား။

အေအေပီပီ တည်ထောင်သည့် ဆယ်နှစ်ပြည့်နှစ်ပတ်လည် အထိမ်း အမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) မှ “အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေး အကျဉ်းသား များရဲ့အခန်းကဏ္ဍ” အစီရင်ခံစာသစ်ကို ထုတ်ပြန်လိုက်ပါတယ်။ အစီရင်ခံစာသစ်က နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက် မရှိပြန် လွှတ်ပေးဖို့၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ဖို့နဲ့ သုံးပွင့် ဆိုင် တွေ့ဆုံ ဆွေးနွေးရေး တခု စတင်ဖို့အတွက် စစ်အစိုးရကို ဖိအားပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတောင်းဆို ထားပါ တယ်။

နိုင်ငံရေးအကျဉ်းသားတွေအပေါ် စွဲဆိုချမှတ်ထားတဲ့ ရာဇဝတ်မှုပုဒ်မတွေကို ပယ်ဖျက်ပေးဖို့ကိုလဲ အစီရင်ခံစာသစ်က ဖော်ပြတောင်းဆိုထားပါတယ်။ ဒါ့အပြင် အသစ်ထုတ်ပြန်လိုက်တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပါတီ တည်ထောင် ခွင့် ဥပဒေတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ နိုင်ငံရေးပါတီတွေမှာပါဝင်ခွင့်၊ ရွေးကောက်ပွဲ တွေမှာ ပါဝင်အရွေးခံခွင့်တွေကို ကန့်သတ်ထားတဲ့ အပေါ်လဲ အစီရင်ခံစာသစ် မှာ ကန့်ကွက်ရှုံ့ချထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဖြစ်သူ ကိုတိတ်နိုင်က “နိုင်ငံရေး အကျဉ်းသားတွေအနေနဲ့ နိုင်ငံရေးလှုပ်ရှားမှု တွေအပြင် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ် တလျှောက်မှာ လွတ်လွတ်လပ်လပ် ပါဝင်နိုင်ခွင့်ရဖို့လိုအပ်ပါတယ်။ လက်ရှိ ရွေးကောက်ပွဲ ဥပဒေတွေအရ နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးလုပ်ငန်းစဉ်တွေက ဖယ်ထုတ်ဖို့ရည်ရွယ်ထားတာဟာ အတိုက်အခံ အဖွဲ့အစည်း အားလုံးကို ချုပ်ချယ်ကန့်သတ်ထားဖို့ စီစဉ်ထားတာဆိုတာ သံသယဖြစ်စရာမရှိပါဘူး” လို့ရှင်းပြပါတယ်။

“နအဖက ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကျဉ်းသားတွေပြန် မလွှတ်ရင်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်မသုံးသပ်ရင်၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ရွေးကောက်ပွဲ တွေမှာ ပါဝင်ခွင့်မပြုရင် ၂ဝ၁ဝ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ နိုင်ငံတကာ အစိုးရအားလုံးကို တိုက်တွန်းချင်ပါတယ်” လို့ ကိုတိတ်နိုင်က ဆက်ပြောပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လက်ရှိထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပ ွဲဥပဒေတွေထဲက နိုင်ငံရေးအကျဉ်းသား တွေကိစ္စအပါအဝင် အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ ချို့ယွင်းချက်တွေကို သုံးသပ်ထားပါတယ်။ အစီရင်ခံစာသစ်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ဟာ အမျိုးသားပြန် လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် အလုပ်မဖြစ်တဲ့အပြင် လက်ရှိပြဿနာတွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆိုမှုတွေကိုလဲ ဥပေက္ခာ ပြုထားကြောင်း ဖော်ပြထား ပါတယ်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တူညီတဲ့အမြင်နဲ့ အပြန်အလှန် လေးစားဖို့၊ ဆယ်စုနှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့ သံသယတွေကို ကျော်လွှားနိုင်ဖို့ ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ဖြေရှင်းရေးကို တစိုက်မတ်မတ် လုပ်ဖို့ လိုအပ်ပါတယ်” လို့ ကိုတိတ်နိုင်က ဆက်လက်ပြောဆိုပါတယ်။

အစီရင်ခံစာသစ်ကို အေအေပီပီရဲ့ အင်တာနက်စာမျက်နှာ www.aappb.org မှာလည်း ဖတ်ရှုခြင်းနှင့် pdf ရယူနိုင်ပါတယ်။

*****

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန် –

ကိုတိတ်နိုင် ၆၆(ဝ)၈၁ ၂၈၇၈၇၅၁ (အတွင်းရေးမှုး)
ကိုဘိုကြည် ၆၆(ဝ)၈၁ ၃၂၄ ၈၉၃၅ (တွဲဖက်အတွင်းရေးမှုး)
ကိုအောင်ဒင် ++(၃၀၁) ၆၀၂ ဝ၀၇၇ (အမေရီကန်နိုင်ငံ ဌာနေကိုယ်စားလှယ်)

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *