(VOA) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ စစ်အစိုးရအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ဆက်လက်ချဖို့ လိုအပ်လိမ့်မယ်ဆိုပြီး အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့ ကမ်ဘဲလ် (Kurt Campbell) က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သတင်းထောက်တွေကို မတ်လ (၁၂) ရက်နေ့က ပြောကြားခဲ့ပါတယ်။ မြန်မာစစ်အစိုးရက ကျင်းပပြုလိမ့်မယ့် ရွေးကောက်ပွဲအတွက် ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတွေ ထုတ်ပြန်လိုက်တာဟာ ဒီမိုကရေစီအရေး ဖော်ဆောင်မှုအတွက် အထောက်အကူ မပြုဘူးလို့လည်း သူက ပြောဆိုပါတယ်။ အသေးစိတ်ကို ကိုဇော်ဝင်းလှိုင်, က တင်ပြထားပါတယ်။
Blog
You are here: Home / Blog / အရင်းအမြစ်များ / ဗီဒီယို / မြန်မာကို ဆက်လက် ဒဏ်ခတ် ပိတ်ဆို့မှုများ လိုအပ်...
ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..