လူ့အခွင့်အရေးမှတ်တမ်း ကွန်ယက် (မြန်မာနိုင်ငံ) မှ အင်္ဂလန်အခြေစိုက် Aegis Trust အဖွဲ့အစည်း၏ နိုင်ငံတကာ တရားမျှတရေး အစီအစဉ်နှင့် ပူးပေါင်း၍ ဥပဒေပညာရှင်များဖြင့်  နိုင်ငံတကာ ရာဇ၀တ်မှု ဥပဒေဆိုင်ရာ အဆင့်မြင့်သင်တန်းကို မကြာသေးမှီက  ပြလုပ်နိုင်ခဲ့သည်။ ယခုသင်တန်းသည် ယခင် ပြုလုပ်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံတကာ ဥပဒေစံညွန်းများ အကြောင်း သင်တန်း၏ နောက်ဆက်တွဲ အဆင့်မြင့် သင်တန်း အဖြစ် စီစဉ် ပြုလုပ်ခြင်းဖြစ်သည်။

ယခုသင်တန်းတွင်
– နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေများအကြောင်းနှင့် ၎င်းတို့အား ဥပဒေစိုးမိုးသက်ရောက်စေပုံ
– နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) နှင့် သက်ဆိုင်သည့် ရာဇ၀တ်မှုများနှင့် ရာဇ၀တ်မှုမြောက်စေသည့် အကြောင်း အချက်များ
– “သက်သေခံ အထောက်အထားများ” အကြောင်းနှင့် နိုင်ငံတကာ ရာဇ၀တ်မှုများတွင် အသုံးပြုခဲ့သော သက်သေခံ အထောက်အထားများ အကြောင်း
– ရှေ့အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရှာဖွေရေး အစီအစဉ်များအတွက် ကြိုတင် အထောက်အထားများ ကောက်ခံခြင်း
– နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) ၏ ရာဇ၀တ်မှုများအား စုံစမ်းစစ်ဆေးပုံနှင့် တရားစွဲဆိုပုံ အခြေခံ သဘောတရားများအကြောင်းတို့ကို တင်ပြဆွေးနွေးခဲ့သည်။

ယခုသင်တန်းတွင် ကွန်ယက်အဖွဲ့၀င်အဖွဲ့အစည်းများအပြင် အခြား လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများလည်း ပါ၀င်တက်ရောက်ခဲ့ကြသည်။