Entries by ndb14

အကျဉ်းသားဇနီးကို ထောင်ပိုင်ခြိမ်းခြောက်

အင်းစိန်အကျဉ်းထောင်မှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားရဲ့ ကျန်မာရေး အခြေအနေကို ပြည်ပ သတင်းမီဒီယာတွေကို ပြောရကောင်းလား ဆိုပြီး ထောင်အာဏာပိုင်တွေက အကျဉ်းသားရဲ့မိသားစုကို သတိပေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို လာမဲ့နှစ်လ အရေးတကြီးစောင့်ကြည့်မယ်

ရှေ့လာမဲ့နှစ်လဟာ မြန်မာ့နိုင်ငံရေး အနာဂတ်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဘယ်လိုနေရာယူလာမလဲဆိုတဲ့ အဆုံးအဖြတ်ပေါ်ထွက်လာနိုင်တဲ့အတွက် ဒီနှစ်လဟာ အလွန်အရေးကြီးတယ်လို့ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးပြောကြားလိုက်ပါတယ်။

မိဘ နှစ်ပါးအားပစ်သတ်၍ အသက် ၁၆ နှစ်ကလေးမအား နအဖ စစ်သားမုဒိန်းကျင့်

သျှမ်းပြည်တောင်ပိုင်း လင်းခေအခြေစိုက် ခမရ ၅၇၈ နအဖ တပ်သားတဦးကနောင်လုံကျေးရွာအုပ်စု ဟွေ့ဆင်မ် ရွာသူတဦး၏ မိဘနှစ်ပါးကိုပစ်သတ်၍ (၁၆ နှစ်အရွယ်) မိန်းခလေးအား မုဒိန်းကျင့်ပြီးခဲ့သည်ဟု စုံစမ်းသိရှိရ ပါသည်။

ရေနံချောင်း၌ စစ်သားက အရပ်သားအမျိုးသမီးကို အဓမ္မပြုကျင့်

ဧရာဝတီ မကွေးတိုင်း ရေနံချောင်းမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၇၇ မှ တပ်သားတဦးက ရွာသစ်ကျေးရွာမှ အမျိုးသမီးငယ်တဦးကို အဓမ္မ သားမယား ပြုကျင့်ခဲ့သော်လည်း သက်ဆိုင်ရာတပ်ရင်းမှ အဆိုပါ ပြစ်မှုကျူးလွန်သည့် တပ်သားကို အရေးယူခြင်း တစုံတရာ မရှိကြောင်း သတင်းရသည်။

ဘာသာရေးဖိနှိပ်မှုအဆိုးဆုံးနိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံ ထိပ်ဆုံးမှ ပါဝင်

အမေရိကန် နိုင်ငံခြားရေးဌာနက မနေ့က ထုတ်ပြန်လိုက်တဲ့ ၂၀၁၀ခုနှစ်အတွက် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ အစိုးရိမ်ရဆုံး ၈ နိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံက ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့ ကုလအထူးကိုယ်စားလှယ် ထပ်မံတောင်းဆို

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးလိုက်သလို ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ကိုပါ လွှတ်ပေးဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက နိုဝင်ဘာ ၁၆ ရက် ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

လူ့အခွင့်အရေးနှင့် အလှမ်းဝေးနေသေးသည့် ရွေးကောက်ပွဲ

သတင်းထုတ်ပြန်ကြေငြာချက် ရက်စွဲ – ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်သော “လူ့အခွင့်အရေးနှင့် အလှမ်းဝေးနေသေးသည့် ရွေးကောက်ပွဲ” အစီရင်ခံစာကို ဖြန့်ဝေခြင်း လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ၎င်း၏ “လူ့အခွင့်အရေးနှင့် အလှမ်းဝေးနေသေးသည့် ရွေးကောက်ပွဲ” ဟုအမည်ပေးထားသည့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်သော အစီရင်ခံစာကို ထုတ်ဝေဖြန့်ချီလိုက်သည်။

ကလေးနှင့်အမျိုးသမီးများ ကျန်းမာရေးအဆိုးဝါးဆုံး

မြန်မာနိ်ုင်ငံ အရှေ့ဖက်ခြမ်းနဲ့ တောင်ဖက်ခြမ်းဒေသတွေမှာ ကလေးနဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေး အခြေအနေ အဆိုးဝါးဆုံး အခြေအနေကို ရောက်နေကြောင်း အောက်တိုဘာ ၁၉ ရက် ဒိီကနေ့ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ အရှေ့ခြမ်းမှာ လေ့လာခဲ့တဲ့ ကျန်းမာရေးနဲ့ လူ့့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကော်မရှင်ဖွဲ့စုံစမ်းရေး ကုလအထူးကိုယ်စားလှယ် ထပ်မံတိုက်တွန်း

မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကော်မရှင်တရပ်ဖွဲ့ စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်မယ် ဆိုရင်

ချက်သမ္မတနိုင်ငံမှာ မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပ

(RFA) ချက်သမ္မတနိုင်ငံ ပရပ်ဂ်မြို့တော်မှာ အောက်တိုဘာ ၁၁ ရက် တနင်္လာနေ့က စတင်ပြီး ပြုလုပ်တဲ့ Forum 2000 လူ့ အခွင့်အရေး ဆွေးနွေးပွဲမှာ မြန်မာ ကိုယ်စားလှယ် တွေလည်း တက်ရောက်ပြီး မြန်မာနိုင်ငံက အခြေအနေတွေကို တင်ပြ ဆွေးနွေးခဲ့ပါတယ်။