၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ဇွန်လအတွင်း မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေကို မှတ် တမ်းတင်ထားသည့် အစီရင်ခံစာအား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (ND-Burma) မှ ထုတ်ပြန်လိုက်သည်။

အစီရင်ခံစာတွင် အစိုးရနှင့် စစ်တပ်က မြန်မာနိုင်ငံတ၀ှန်း ကျူးလွန် ချိုးဖောက်ခဲ့သည့် ဖြစ်ရပ် ၁၄၇ ခုကို မှတ်တမ်းတင် ဖော်ပြထားသည်။ ထိုအရေအတွက်မှာ မြန်မာနိုင်ငံ အ တွင်း ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှု အဖြစ်အပျက် အားလုံးကို လှှမ်းခြုံ ကိုယ်စားပြုနိုင်လောက်သည့် အရေအတွက်မဟုတ်ပါ။ အကြောင်းမှာ မှတ်တမ်းတင်ရာ တွင် အန်တရာယ် အခက်အခဲများရှိခြင်းနှင့် အစိုးရအနေဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့် ရှောက်သူများအပေါ် နှောင့်ယှက်ဟန့်တားမှုများ ပြုလုပ်နေ၍ဖြစ်သည်။

နှောင့်ယှက်ဟန့်တားမှုများ ရှိနေသော်လည်း ND-Burma အနေဖြင့် ပစ်စည်းဥစ်စာပိုင်ဆိုင်မှု ကို ဖျက်ဆီးခြင်းနှင့် သိမ်းယူခြင်း ဖြစ်ရပ် ၄၀၊ မတရား အခွန်ကောက်ခံခြင်း ၂၃ ခု၊ အတင်း အကြပ် လုပ်အားပေးစေခိုင်းခြင်း ၂၀ ခု၊ ညှင်းပန်းနှိပ်စက်မှု ၁၆ ခုနှင့် သတ်ဖြတ်မှု ၁၀ ခုကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ချိုးဖောက်မှုများသည် ဆက်လက်ဖြစ်ပေါ်နေသည့် လက်နက် ကိုင် ပဋိပက်ခများ၏ တိုက်ရိုက်အကျိုးဆက်ဖြစ်ပြီး စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများ နီးစပ် စွာ ပတ်သက်ဆက်စပ် နေခြင်းတို့ကြောင့်ဖြစ်သည်။

အဆိုပါ ချိုးဖောက်မှုများကို လက်နက်ကိုင် ပဋိပက်ခဖြစ်ပွားနေသည့် ဒေသများနှင့် အပစ်အ ခတ်ရပ်စဲရေး ဒေသများတွင်ပါ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။ ND-Burma ၏ တွေ့ရှိချက် များက ပြသနေသည်မှာ အစိုးရအနေဖြင့် လက်နက်ကိုင်အင်အားစုများနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ ရရှိသည်အထိ တိုးတက်မှုများ ရှိနေသော်ငြားလည်း မြန် မာပြည်သူများအား လူ့အခွင့်အရေးအရ အကာအကွယ်ပေးနိုင်မှု မဆိုသလောက်သာ ရှိ သည်ဟူသည့် အချက်ဖြစ်သည်။ သို့သော်လည်း ND-Burma အနေဖြင့် တွေ့ရှိသည်မှာ အ ပစ်အခတ်ရပ်စဲထားသည့် ဒေသများရှိ ချိုးဖောက်မှုများသည် လက်နက်ကိုင်တိုက်ပွဲများနှင့် ဆက်စပ်သည့် အခြေအနေမှ စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် သဘာ၀သယံဇာတ တူးဖော်ထုတ်ယူမှုနှင့် ဆက်စပ်သည့် ချိုးဖောက်မှုများအဖြစ် ပုံစံပြောင်းသွားသည်။

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအပေါ် နှောင့်ယှက်၊ တားဆီးမှုများရှိ နေ သော်လည်း ပြည်သူလူထုသည် ၄င်းတို့ နာကျင်ခံစားနေရသည့် ဒုက်ခများ၏ အမှန်တရား နှင့် ပတ်သက်ပြီး စတင်ပြောဆိုလာကြသည်။ ကချင်လယ်သမားတဦးဖြစ်သည့် လထော် ဘရန်ရှောင်၏ အဖြစ်အပျက်တွင် သူ့အားညှင်းပန်းနှိပ်စက်ခြင်း အကြောင်းကို ထုတ်ဖော် ပြောဆိုမှုက ထင်ရှားသည့် သာဓကဖြစ်သည်။ ထို့အပြင် ရှစ်လေးလုံးငွေရတု နှစ်ပတ်လည် အခမ်းအနားတွင်လည်း တက်ရောက်လာသူများမှ ၀န်ချတောင်းပန်ခြင်း၊ အထိမ်းအမှတ်၊ အမှတ်တရများ၊ အမှန်တရားရှာဖွေခြင်းနှင့် ခွင့်လှှတ်ခြင်း အပါအ၀င် အတိတ်ကာလ ချိုး ဖောက်မှုများနှင့် ပတ်သက်ပြီး မည်သို့ကိုင်တွယ်ဆောင်ရွက်သင့်သည်ကို စတင်ပြောဆို လာကြသည်။

ဆက်လက်ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ပြီး အစီရင်ခံ စာ ထုတ်ပြန်ခြင်းသည် အတိတ်ကာနှင့်ပတ်သက်ပြီး ဦးတည်ကြိုးပမ်း ထုတ်ဖော်မှုအတွက် ပံ့ပိုးပေးခြင်းဖြစ်ပြီး ပြန်လည်သင့်မြတ်ရေးကို မြှင့်တင်ပေးနိုင်သည် ဟု ND-Burma မှ မှျော် လင့်ပါသည်။

အစီရင်ခံစာအပြည့်အစုံအား ပူးတွဲ့ပါဖိုင် www.nd-burma.org နေရာတွင် ရယူဖတ်ရှုနိုင်ပါသည်။

ပိုမိုသိရှိလိုပါက
ဟန်ကြီး (ညှိနှိုင်းဆောင်ရွက်ရေးမှုး)ဖုန်း (+၆၆) ၀၈၁၉၆၁၅၉၉၂ (ထိုင်းနိုင်ငံ)
ဆလိုင်းဘွေပိ (စည်းရုံးလှုံ့ဆော်ရေးအဖွဲ့)ဖုန်း (+၉၅) ၀၉၇၃၀၂၃၁၃၉ (မြန်မာနိုင်ငံ)