၂၀၂၄ ခုနှစ်၊ စက်တင်ဘာ(၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

စက်တင်ဘာလ (၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် အသုံးပြု ဗုံးက တိုက်ခိုက် ခြင်းများ ပြုလုပ်ခဲ့သည်။ အာဏာသိမ်းစစ်‌တပ်က ၎င်းတို့အနေဖြင့် လက်လွှတ်ဆုံးရှုံးထားရသော မြို့နယ်များကို လေကြောင်းအသုံးပြု တိုက်ခိုက်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။ စစ်အာဏာရှင်တပ်သားများက ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် စစ်မှုထမ်းရန်အတွက် တက္ကသိုလ်ကျောင်းသားများကိုပါ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ သည်။ ဧရာဝတီတိုင်းဒေသကြီး မအူပင်အကျဉ်းထောင်တွင် စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနက ထောင်ဝင်စာတွေ့ရာတွင် ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၄၀)ကျော် သေဆုံးခဲ့ပြီး (၂၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့် အသက်မပြည့်သူ (၂၀)ကျော် သေဆုံးခဲ့ရသည်။