2010-07-29
မြန်မာနိုင်ငံအရပ်ရပ်က ပြည်သူတွေ ကြုံတွေ့နေရတဲ့ မိမိဆန္ဒမပါပဲ အဓမ္မခိုင်းစေမှု အပါအဝင်၊ ကလေးစစ်သား စုဆောင်းမှုတွေ၊ လူကုန်ကူးခံရမှုနဲ့ အဓမ္မမြေယာ သိမ်းဆည်းမှုတွေကို တစစ လျော့နည်း ပပျောက်သွားအောင် NLDအဖွဲ့ချုပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရန်ကုန် ILO ရုံး အရာရှိက ဇူလိုင် ၂၉ ရက် ဒီကနေ့ ပြောကြားပါတယ်။

NLD ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးဉါဏ်ဝင်းတို့နဲ့ ရန်ကုန် ILO ရုံးမှာ တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ ILO ဌာနေကိုယ်စားလှယ် မစ္စတာ စတိဗ် မာရှယ်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပြည်သူတွေဖက်က အစဉ်အမြဲ ရပ်တည်ခဲ့တဲ့ NLD ပါတီရဲ့ အတွေ့အကြုံတွေပေါ် အခြေခံပြီး ရှေ့ဆက်ရမဲ့ လုပ်ငန်းတွေကို ကိုင်တွယ်သွားမယ်လို့ ILO ဖက်က ဆွေးနွေးကြောင်း NLD ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

“အခုလို အခြေအနေကနပြေီးတော့ တဖြည်းဖြည်း သူတို့ လိုလားတောင့်တတဲ့ပေါ့လေ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ စသည်ဖြင့် ဟိုအတင်းအဓမ္မ ခိုင်းစေတဲ့ကိစ္စတွေများကိုလည်းပဲ ကျွန်တော်တို့ ပျောက်ကွယ်သွားအောင်၊ ဒါတွေအပေါ်မှာလည်းပဲ သူတို့က ကျွန်တော်တို့ရဲ့ ထင်မြင်ယူဆချက်တွေနဲ့ အတွေ့အကြုံတွေနဲ့ ဒါတွေကို သူတို့ ဖလှယ်ချင်တဲ့အတွက် ခေါ်တာပဲတဲ့။”

၂ နာရီကျော်ကြာ ဆွေးနွေးခဲ့ကြတဲ့ ILO နဲ့ NLD ပါတီ တာဝန်ရှိသူတွကြေား ဆွေးနွေးပွဲတွေကနေ စစ်တပ်အတွင်း တပ်မတော်သားတွေ ကိုယ်တိုင် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရရှိတဲ့ ကိစ္စတွေအထိ ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားကြဖို့ကိုလည်း သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA မှ ဦးဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ရယူရန်