(BBC) ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ ကိုသူတို့ လယ်တွေ အသိမ်းခံ ရကြောင်း တိုင်ကြားခဲ့ပြီးနောက် ILO ရဲ့ ကြားဝင် ဆောင်ရွက်ချက် ကြောင့် လယ်တွေပြန် ရပြီးမှတခါ လယ်တွေကို ဒေသခံ အာဏာပိုင် တွေက တခြားသူ ကို လက်လွှဲ ပေးလို့ ပြဿနာတွေ ရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ် တွေစီရင် ခံခဲ့ရတဲ့ အောင်လံ မြို့နယ် စမ်းကလေးရွာ က တောင်သူ ၁၁ ဦး တို့ အယူခံ ခဲ့တာ အခုတော့ အနိုင်ရသွားပါပြီ။


တောင်သူ ဦးသန်းစိုး အပါအ၀င် တောင်သူ ၁၁ ဦး ဟာ သူတို့ပြန်ရခဲ့တဲ့ လယ်မြေ တွေမှာ ပြန်ပြီး ထွန်ယက် စိုက်ပျိုးဖို့ လုပ်ငန်းတွေ စ ရာမှာ မြေယာကျော်နင်းမှု၊ အကျိုးစီးပွား ဖျက်ဆီးမှု စတဲ့ အမှု တွေနဲ့ သရက်ထောင်မှာ ထောင်ဒဏ် ၉ လ ကနေ ၅ နှစ် နီးပါး ပြစ်ဒဏ် တွေကို ကျခံ စေလို့ အမိန့်ချမှတ် တာ ခံခဲ့ ရပြီးတဲ့နောက် တရားရုံး ဆုံးဖြတ်ချက် ကို လက်မခံ နိုင်တဲ့ အတွက် အယူခံ တင် ကြရာမှာ အခုတော့ မကွေးတိုင်း တရားရုံး က အယူခံကိုလက်ခံပြီး ပြစ်ဒဏ် ကို ပြင်ဆင် ပေးလိုက်တာကြောင့် သူတို့အားလုံး မကြာခင် လွတ်မြောက် လာတော့မှာပါ။

ပြီးခဲ့တဲ့ လကပဲ ILO ရဲ့ အမှုဆောင်အရာရှိ ကယ်ရီ တာပီရိုးလား မြန်မာနိုင်ငံ ကိုရောက်ရှိခဲ့ပြီး အဲဒီ လယ်သမားတွေ ကိစ္စ မြန်မာအာဏာပိုင်တွေ နဲ့ ဆွေးနွေးခဲ့ ပါသေးတယ်။ အခု သူတို့ အယူခံ ကို တရားရုံး က လက်ခံ ကြောင်း ဆုံးဖြတ်ပေးတဲ့ အချိန်ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလည် မစ္စတာ တောမတ် အိုဟေး ကင်တားနား မြန်မာပြည် ကို ရောက်ရှိ နေချိန် နဲ့လည်း တိုက်ဆိုင် နေပါတယ်။