အောက်တိုဘာလကုန်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် သုံးသိန်းနီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA) က နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကယား၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးတိုင်း အရှေ့ခြမ်း၊ မွန်၊ တနင်္သာရီ စတဲ့ ပြည်နယ်၊ တိုင်းတွေမှာ စစ်ဘေးဒုက္ခသည် ၂၈၆,၀၀၀ ‌ကျော် ရှိလာတယ်လို့ OCHA က ဖော်ပြထားတာပါ။

အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ် အပါအဝင် ၁၈၇ ဦးဟာ ပဋိပက္ခတွေအတွင်းမှာ သေဆုံးခဲ့ရပြီး ၂၄၆ ဦး ထိခိုက်ဒဏ်ရာရမှု ရှိတယ်လို့ ရေးသားထားပါတယ်။

ဒီလိုစစ်ဘေးဒုက္ခသည်တွေ တိုးလာတာဟာ လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်ဖွယ်ဖြစ်ပြီး ရှိနေပြီးသား စစ်ဘေးဒုက္ခသည်တွေနဲ့ ထပ်တိုးစစ်ဘေးဒုက္ခသည် အားလုံးအတွက် အကူအညီတွေပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်ရာ မြို့နယ်တွေမှာလည်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပိတ်ဆို့နေတာကြောင့် အရပ်သားတွေ ရွှေ့ပြောင်းသွားလာဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ဖို့ အကန့်အသတ်ဖြစ်နေတယ်လို့ OCHA က ဖော်ပြထားပါတယ်။

RFA Burmese