(VOA) မြန်မာနိုင်ငံစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ကုလသမဂ္ဂက ကော်မရှင်တစ်ခုဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမယ့် ကိစ္စကို Slovakia နိုင်ငံက ထောက်ခံမယ်လို့ ပြောကြားလိုက်ပါတယ်။

ယမန်နေ့၊ ဇွန်လ ၈ ရက်နေ့က Geneva မှာပြုလုပ်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၁၄ ကြိမ်မြောက် ညီလာခံမှာ အခုလို ပြောကြားလိုက်တာပါ။

VOA အစီအစဉ် နားဆင်ရန်
{mp3}voa10june2010xslovac{/mp3}

အလားတူပဲ အမေရိကန်ပြည်ထောင်စုကလဲ ဒီကိစ္စကို ထောက်ခံဖို့ စဉ်းစားနေတယ်လို့ ပြောထားပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုတွေအတွက် မြန်မာစစ်အစိုးရကို ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Quintana က အဆိုပြုထားတာဖြစ်ပါတယ်။

ဒီအဆိုပြုချက်ကို သြစတြေးလျ၊ ချက်နဲ့ ဗြိတိန်နိုင်ငံတို့က ထောက်ခံထားကြပြီးသား ဖြစ်ပါတယ်။