၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဩဂုတ်လ (၈)ရက်မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ‌လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ စစ်အာဏာရှင်တပ် သား များက တနင်္သာရီတိုင်း ဒေသကြီးမှ ပြည်သူ (၅၀)နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ ဩဂုတ်လ (၁၂)ရက် နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှ ဒေသခံ ပြည်သူ (၂)ဦးကို စစ်အာဏာရှင်တပ်သားများက ဖမ်းဆီး သတ်ဖြတ် မီးရှို့ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက ပုသိမ်-မုံရွာလမ်းမကြီးကို ဆက်သွယ်ထားသည့် ဆိပ်ဖြူလမ်းပိုင်းအား ဖျက်ဆီးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စစ်အာဏာရှင် လက်အောက်ခံ ပျုစောထီးများမှ ဒေသခံ ပြည်သူများကို နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ကာ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်လျှက်ရှိသည်။ တပတ်အတွင်း စစ်အာဏာရှင်တပ်သားများ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူ (၈)ဦး အထိရှိခဲ့ သည်။ စစ်အာဏာရှင်တပ်သားများ၏ လူအခွင့်အရေးချိုးဖောက်မှုများကြောင့် ကလေးငယ် (၁)ဦး သေဆုံးခဲ့ ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။