အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ ကယ်ရီ တာပီယိုလာ (အလယ်)ကို အစည်းအဝေးတခုတွင် တွေ့ရပုံ။ (Photo: www.ilo.org)

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ ကယ်ရီ တာပီယိုလာ (အလယ်)ကို အစည်းအဝေးတခုတွင် တွေ့ရပုံ။ (Photo: www.ilo.org)

(RFA) လယ်သမားနဲ့ အလုပ်သမားအရေးတွေကို ကူညီဆောင်ရွက်ပေးနေရင်း မကွေးတိုင်း အောင်လံမြို့နယ်မှာ အဖမ်းခံရပြီး အသင်းအဖွဲ့များဆိုင်ရာ

ဥပဒေအရ ထောင်ဒဏ်ချမှတ် ခံထားရတဲ့ ရှေ့နေကိုဖိုးဖြူ (ခေါ်) ကိုရန်နိုင်အောင်ရဲ့ အမှုကို နေပြည်တော် တရားသူကြီးချုပ်ရုံးကနေ အထူးအယူခံအဖြစ် ပြန်လည် သုံးသပ် ကြားနာမယ်လို့ သိရပါတယ်။

နိုင်ငံတော် တရားသူကြီးချုပ်ရဲ့ အထူးအမိန့်နဲ့ လာမယ့် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ နေပြည်တော်မှာ ကြားနာဖို့ အကြောင်းကြားထားပြီး အသင်းအဖွဲ့များဆိုင်ရာ ဥပဒေနဲ့ ပြစ်ဒဏ် ချမှတ်ထားတာကို ချေပဖို့ ရှိတယ်လို့ ရှေ့နေကိုဖိုးဖြူရဲ့ အကျိုးဆောင်ဖြစ်တဲ့ ရှေ့နေဦးမြင့်သွင်က ပြောပါတယ်။

ဦးမြင့်သွင်။    ။“ဒီဥစ္စာက ကျနော်တို့ တရားသူကြီးချုပ်ရဲ့ ပန်ကြားချက်နဲ့ ၂၀ဝ၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေ ပုဒ်မ ၈ အရ ပြန်ဖွင့်တာပါ။ ပြန်ဖွင့်ပြီးတာ့ ၁၅ ရက်နေ့ နေပြည်တော်မှာ ၃ ပါးဆိုင်မှာ လျှောက်လဲချက် ပေးရမှာပါ။ ကျနော်တို့ဘက်ကတော့ ဒီ အသင်းအဖွဲ့ဥပဒေ ပုဒ်မ (၆) နဲ့ မငြိစွန်းဘူး ဆိုတဲ့အကြောင်း၊ သူတို့ စွပ်စွဲထားတဲ့ အသင်းအဖွဲ့ဥပဒေ ပုဒ်မ ၃ (ဂ ) တို့၊ ၅ (ဂ) တို့နဲ့ မငြိစွန်းတဲ့အတွက် ပုဒ်မ ၆ အရ ပြစ်ဒဏ် မချသင့်ဘူး လွှတ်ပေးဖို့အတွက် လျှောက်လဲရမှာ ခင်ဗျ”

ရန်ကုန် ရှေ့နေအသိုင်းအဝိုင်းရဲ့ သုံးသပ်ချက်တွေအရ လူ့အခွင့်အရေးရှေ့နေတဦးရဲ့ အမှုကို တရားသူကြီးချုပ်က ဆင့်ခေါ်ပြီး အထူးရုံးက တရားသူကြီး ၃ ဦး ထိုင် ကြားနာမယ့် အခြေအနေဟာ အလွန်ထူးခြားတယ်လို့ ဆိုပါတယ်။

အခုလို အလုပ်သမားနဲ့ လယ်သမားအခွင့်အရေး ဆောင်ရွက်နေတဲ့ ရှေ့နေတဦးရဲ့ အမှုကို တရားသူကြီးချုပ်ရုံးက အထူး ပြန်လည်သုံးသပ်တာဟာ ကမ်ဘာ့အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အို ညွှန်ကြားရေးမှူးရဲ့ ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရနဲ့ နားလည်မှုစာချွန်လွှာ သက်တမ်း သဘောတူညီမှုတွေနဲ့ ဆက်စပ်နေပြီး အပြုသဘောတိုးတက်မှု ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ရှေ့နေဦးမြင့်သွင်ကလည်း ဒီလိုအထူးကြားနာမှုဟာ ရခဲတဲ့ အခွင့်ရေးဖြစ်တယ်လို့ ပြောပါတယ်။

ဦးမြင့်သွင်။    ။“ထူးခြားတယ်ခင်ဗျ။ ဒီ ၂၀ဝ၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေ ပုဒ်မ ၈ ဆိုတာ ပွင့်ခဲတယ် ခင်ဗျ။ ကျနော်တို့ တရားမ မှုတွေတောင်မှ ဒါကို လျှောက်လို့ရှိရင် တရားသူကြီးချုပ် ဆီကိုပဲ တိုက်ရိုက် လှျောက်ရတယ်ခင်ဗျ။ အခုဥစ္စာတော့ တရားသူကြီးချုပ်ရဲ့ ညွှန်ကြားချက်ကနေပြီး ကျနော်တို့ ဥပဒေအရ အမှုကို ခေါ်ယူခွင့်ရှိတယ် ခင်ဗျ။ အဲလို ခေါ်ယူပြီးတော့ သူကိုယ်တိုင် ဖွင့်တာ ဖြစ်တဲ့အတွက် ကျနော်တို့က ဒီ ၃ ပါးဆိုင်မှာ ဆက်လက်ပြီးတော့ ကြားနာရုံအဆင့်ကို တိုက်ရိုက် ရောက်တယ်ခင်ဗျ”

ရှေ့နေ ကိုဖိုးဖြူ ခေါ် ကိုရန်နိုင်အောင်ဟာ ဒေသခံ အာဏာပိုင်တွေက လယ်မြေသိမ်းယူခဲ့တာကို အိုင်အယ်လ်အို အလုပ်သမားအဖွဲ့ချုပ်ကို တိုင်တန်းခဲ့တဲ့ အောင်လံမြို့နယ်က လယ်သမားတွေအပေါ် အာဏာပိုင်တွေက လက်တုံ့ပြန်ခဲ့တဲ့ အမှုတွေကို စေတနာ့ဝန်ထမ်း အမှုလိုက်ပေးနေတဲ့ ရှေ့နေတဦးဖြစ်ပါတယ်။ သူ့ကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက အာဏာပိုင်တွ
ေက ဖမ်းဆီးပြီး မတ်လမှာ ထောင် ဒဏ် ၄ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။