ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ရက်အတွင်း စစ်အာဏာရှင်တပ်ကို ဆန့်ကျင်သော မန္တလေးမြို့မှ လူ(၃၀)ဦးခန့် ၊ ပဲခူးမြို့မှ လူ (၂၀)ကျော်၊ ရန်ကုန်တိုင်း လှိုင်မြို့နယ်မှ (၁၀)ဦး ဝန်းကျင်တို့ကို ဖမ်းဆီးခဲ့သည်။ မန္တလေးတိုင်း မတ္တရာမြို့မှ ဒေသခံ (၂၀)ဦးကို လည်း လူသားဒိုင်းအဖြစ် ပြုလုပ်ခဲ့သည်။ မန္တလေး အိုးဘိုထောင်မှ အကျဉ်းသူ (၇၀) ကျော်ကို ရိုက်နှက်ခဲ့ပြီး အကျဉ်းသူ (၃၀)ကျော်ကို တိုက်ပိတ်ထားခဲ့သည်။ ဧရာဝတီတိုင်း ပုသိမ်ထောင်မှ ထောင်ဝင်စာပိတ် ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေဆီကို ထောင်ဝန်ထမ်းတွေက လိမ်လည် ငွေညစ်ခဲ့သည်။ စစ်အာဏာရှင် တပ်ကို ဆန့်ကျင်ကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့သော ပြည်သူ (၁၀)ဦးကို အမှုဖွင့်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာမှ ကြေငြာခဲ့သည်။