အကြမ်းဖက်စစ်အာဏာရှင်တို့၏ အက်ကြောင်းများကို တွေ့မြင်နေရသည်။ အပျက်အစီး အသေအပျောက်များခဲ့ပြီး လူသစ်စုဆောင်းရေးအတွက် ရုန်းကန်နေရသည်။ အကြမ်းဖက်စစ်အာဏာရှင်၏ တရား၀င်မှုအတွက် အဆက်မပြတ်တောင်းဆိုနေမှုကို ရပ်တန့်၍ မရနိုင်သော နွေဦးတော်လှန်ရေးသည် ဖြုတ်ချနိုင်သောကြောင့်  အကြမ်းဖက်စစ်အာဏာရှင်ကို ထောက်ခံမှု ယခင်ထက်နည်းပါးလာသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အဆိုအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း အကြမ်းဖက်တပ်သား ၁၆၀ ကျဆုံးခဲ့သည်။

အကြမ်းဖက်စစ်တပ်သည် ရာထူးအလတ်တန်းစား စစ်သည်များ၏ ဇနီးများနှင့် အသက် ၁၅ နှစ်အထက် သားသမီးများအား မသင်မနေရ စစ်သင်တန်းတက်ရောက်စေကာ လူသစ်စုဆောင်းရေး နည်းဗျူဟာများကို အတင်းအကြပ် တိုးမြှင့်လုပ်ဆောင်နေချိန်  စစ်ကူများ ထပ်မံစေလွှတ်သောကြောင့် အသေအပျောက်များ ဆက်လက်တိုးလာနေသည်။ တိုက်ပွဲများအတွင်း ကလေးသူငယ် အသုံးပြုခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်။ စစ်အာဏာရှင်မှ ဥပဒနှင့်မညီသော လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေသကဲ့သို့  အကြမ်းဖက်တပ်သားများသည် မကြုံစဖူးသော နှုန်းဖြင့် ကျဆုံးနေသည်။ ထိုအချက်ကိုတုံ့ပြန်ရန် အကြမ်းဖက်စစ်တပ်သည် စစ်မှုထမ်းဟောင်များကို အသုံးချ၍ တော်လှန်ရေး လှုပ်ရှားမှုကို တိုက်ဖျက်ရန် ကြိုးပမ်းခဲ့သည်။ စစ်သားနှင့် ရဲတပ်ဖွဲ့၀င် ၈၀၀၀ ကျော်သည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါ၀င်ခဲ့ပြီး ခန့်မှန်ခြေ တပ်သား ၂၀၀၀ ကျော်သည် တပ်မှ​ထွက်ပြေးနေကြပြီး ထိုထက်မက အကြမ်းဖက်စစ်တပ်ကို စွန့်ခွာရန် စဥ်းစားနေကြသည်။ NUG သည် ပြည်သူနှင့် ပူးပေါင်းလာသော တပ်သားများကို အကာအကွယ်ပေးထားသည်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းဖြင့် ဆက်လက်တိုက်ခိုက်မှုများသည်နှင့် လေကြောင်းတိုက်ခိုက်မှုအပေါ် မှီခိုအားထားမှုသည် တပ်မတော်နှင့် ပြည်သူကြားတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ  ရှုံးနှိမ့်ခြင်း ဖြစ်သည့်အပြင် အားနည်းသည့် လက္ခဏာတစ်ရပ်လည်း ဖြစ်သည်ဟု ကျွမ်းကျင်သူများ ယူဆကြသည်။​ မည်သို့ပင်ဆိုစေကာမူ အကြမ်းဖက်စစ်တပ်မှ အပြစ်မဲ့အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် နယ်စပ်ဒေသများနှင့် အနီးအနားရှိ မြို့နယ်အသီးသီးသို့  ထွက်ပြေးတိမ်းရှောင်ရသောကြောင့် ဒုက္ခသည် အကျပ်အတည်းကို ဖန်တီးပေးလျက်ရှိသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း အစည်းအ၀ေးတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Noeleen Heyzer မှ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို တုံ့ပြန်ရာတွင် ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရန် ထိုင်းနိုင်ငံအား တောင်းဆိုခဲ့သည်။ ယခုအခါ နိုင်ငံတွင်း၌ အကူအညီလိုအပ်နေသော လူပေါင်း ၃ သန်းကျော်ရှိပြီး ၎င်းတို့၏ အခြေခံအခွင့်အရေးများနှင့် ရှင်သန်ရပ်တည်ရေးအတွက် ပြင်းပြင်းထန်ထန် ဆုံးရှုံးနေကြရသည်။ အထောက်ပံ့ အကူညီလိုသူ အများစုမှာ အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။

နိုင်ငံတကာအသိုက်အဝန်းက အချိန်နှင့်အမျှ တုံ့ပြန်ဆောင်ရွက်နေချိန်တွင် မြေပြင်ပေါ်ရှိပြည်သူများ ဒုက္ခရောက်နေကြပါသည်။ စစ်အစိုးရသည် ကျယ်ပြန့်သော တာဝန်ခံမှုကို ရှောင်တိမ်းနေဆဲဖြစ်ပြီး ရလဒ်အနေဖြင့် ၎င်းတို့၏ ထိုးစစ်များကို ရပ်တန့်ရန် ပျက်ကွက်ခဲ့သည်။ ယင်းအစား၊ ၎င်းတို့သည် ခုခံချေပမှုအားလုံးကို စရိတ်စကဖြင့် ချေမှုန်းရန် ၎င်းတို့၏ တပ်ဖွဲ့များကို တိုးချဲ့ရန် သန္နိဋ္ဌာန်ချထားပါသည်။ ကမ္ဘာ့ခေါင်းဆောင်များသည် ရည်ရွယ်ချက်ရှိရှိနှင့် အရေးတကြီးလုပ်ဆောင်ကြရမည်ဖြစ်သည်။ စစ်အစိုးရ၏ ရာဇ၀တ်မှုများတွင် ကျူးလွန်ခံရသူများနှင့် မိသားစုများစွာတို့သည် တရားမျှတမှုနှင့် ထိုက်တန်ကြောင်း ကြားနာရမည်ဖြစ်သည်။

နိုင်ငံတကာအသိုင်းအ၀ိုင်းမှ အချိန်နှင့်အမျှ တုံ့ပြန်ဆောင်ရွက်ရန် တုံ့ဆိုင်းနေချိန် မြေပြင်ပေါ်မှ ပြည်သူများ ဒုက္ခရောက်နေကြသည်။ အကြမ်းဖက် စစ်အာဏာရှင်သည် ကျယ်ပြန့်သောချိုးဖောက်မှုများအတွက် တာ၀န်ခံရန် ဆက်လက်တိမ်းရှောင်နေသောကြောင့် ၎င်းတို့၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ရပ်တန့်ရန် ပျက်ကွက်ခဲ့သည်။  ယင်းအစား အကြမ်းဖက်စစ်တပ်သည် ခုခံချေပမှုအားလုံးကို တက်နိုင်သမျှ ချေမှုန်းရန် ၎င်းတို့၏ တပ်ဖွဲ့များကို တိုးချဲ့ရန် သန္နိဋ္ဌာန်ချထားသည်။ ကမ္ဘာ့ခေါင်းဆောင်များသည် ရည်ရွယ်ချက်ရှိရှိဖြင့် အရေးပေါ် အရေးယူ ဆောင်ရွက်ရမည်ဖြစ်သည်။ အကြမ်းဖက်စစ်အာဏာရှင် ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများတွင် ကျူးလွန်ခံရသူများနှင့် မိသားစုများစွာတို့သည် တရားမျှတမှုနှင့် ထိုက်တန်ကြောင်း ကြားနာရမည်ဖြစ်သည်။

 

တိုင်းရင်းသားဒေများရှိ ပဋိပက္ခများ

ချင်းပြည်နယ်

ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်တပ်အပေါ် ခုခံဆန့်ကျင်မှုများ ပြင်းထန်နေဆဲဖြစ်သည်။  ချင်းလူမျိုး ၈၉၂ ဦးဖမ်းဆီးခံရခြင်းအပြင် သတ်ဖြတ်ခြင်းနှင့် ဥပဒေမဲ့သေဆုံးမှု ၁၈၀ ကျော်ကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ မှတ်တမ်းတင်ထားသည်ဟု ထုတ်ပြန်ခဲ့သည်။ တပ်အင်အား ၁၅၀ ကျော်ကို တင်ဆောင်လာသော အကြမ်းဖက်စစ်တပ်အား ချင်းပြည်နယ်မြောက်ပိုင်း ဟိန်းဇိန်ရွာအနီးတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲမှ တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်မှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။

အကြမ်းဖက်စစ်တပ်သည် ရာထူးအလတ်တန်းစား စစ်သည်များ၏ ဇနီးများနှင့် အသက် ၁၅ နှစ်အထက် သားသမီးများ ပါ၀င်သော လူသစ်စုဆောင်းရေး နည်းဗျူဟာများကို အတင်းအကြပ် တိုးချဲ့လုပ်ဆောင်လာကာ  ချင်းပြည်နယ်သို့ စစ်ကူများ ထပ်မံစေလွှတ်သောကြောင့် အသေအပျောက်များ တိုးလာလျက်ရှိသည်။

အရပ်သားများအပေါ် ထိတ်လန့်ဖွယ်ကောင်းသည့် ရာဇ၀တ်များကို ကျူးလွန်ခဲ့သော အထောက်အထားများ ဆက်လက်ထွက်ပေါ်နေသည်။ ချင်းပြည်နယ် မတူပီမြို့နယ်တွင် အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သား ၁၀ ဦးအား မသတ်ဖြတ်မီ ပြင်းထန်စွာ ညှဥ်းပန်းနှိပ်စက်သည့် လက္ခဏာများ တွေ့ရှိခဲ့သည်။ သေဆုံးသွားသူများထဲတွင် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦး လည်လှီးသတ်ဖြတ်ခံခဲ့ရသည်။ သတ်ဖြတ်မှုအတွက် မတူပီအခြေစိုက် ခြေမြန်တပ်ရင်း ၁၄၀ မှ တာ၀န်ရှိကြောင်း CHRO ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုးစစ်ဆင်တိုက်ခိုက်မှုများ တိုးလာခြင်းကြောင့် ခုခံတော်လှန်ရေး တပ်ဖွဲ့၀င်များကို ပိုမိုးဆိုးရွားလာမည့် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်ရန် တွန်းအားပေးခဲ့သည်။  “ပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် စစ်ဆင်ရေးများ ပိုမို လုပ်ဆောင်နိုင်ဖွယ် ရှိကြောင်း” ချင်းအမျိုးသားတပ်ဦး၏ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့သည်။

 

ကရင်ပြည်နယ်

စစ်အာဏာရှင်၏ အကြမ်းဖက်မှုများကြောင့် ဒုက္ခသည်များနှင့် ပြည်တွင်း နေရပ်စွန့်ခွာ စစ်ပြေးရှောင်များ ဆက်လက်ထွက်ပြေးနေရသည်။ ပြီးခဲ့သည့်လအတွင်းမြေလှန်စနစ်ဖြင့် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံ ၅၀၀၀၀ နီးပါး  နေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်ခဲ့ရသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေများရှိ အနီးအနားကျေးရွာများသို့ ဘေးကင်းရာသို့ထွက်ပြေး ခိုလှုံလာသော စစ်ဘေးရှောင်များ တိုးလာလျက်ရှိသည်။ ကရင်အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံအဖွဲ့အစည်းများသည် အရေးပေါ်လိုအပ်လျက်ရှိသော အမိုးအကာ၊ စားနပ်ရိက္ခာနှင့် အခြေခံတစ်ကိုယ်ရေသုံး ပစ္စည်များကို အရေးပေါ် တုန့်ပြန်ဆောင်ရွက်ပေးခဲ့သည်။

နယ်စပ်ဒေသတစ်လျှောက်တွင် ဒုက္ခသည် ၃၀၀၀ နှင့် ၅၀၀၀ ကြားရှိနေသည်။ ထွက်ပြေးတိမ်းရှောင်ရသည့် အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အို ဒုက္ခသည်များသည် အစားအသောက်နှင့် သောက်သုံးရေသန့်အပါအ၀င် ဆေး၀ါးများလိုအပ်နေသည်။ အကြမ်းဖက် စစ်တပ်သည် ကရင်လက်နက်ကိုင်အဖွဲ့သာမက အပြစ်မဲ့အရပ်သားပြည်သူများကိုပါ လေကြောင်းနှင့် မြေပြင်တွင် မြေလှန်တိုက်ခိုက်နေသကဲ့သို့- ဇန်နဝါရီ ၁၃ ရက်တွင်လည်း စစ်ပြေးဒုက္ခသည်များ ခိုလှုံနေသည့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် DKBA  အခြေစိုက်စခန်းကို လေကြောင်းမှ စီးနင်းတိုက်ခိုက်ခဲ့သည်။

 

ကယား(ကရင်နီ) ပြည်နယ်

အကြမ်းဖက် စစ်အာဏာရှင်၏ အောက်တွင် မည်သူမျှမလုံခြုံပါ။ ကယား (ကရင်နီ)ပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) မိမိတို့၏ အသက်လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် ဗုံးခိုကျင်းများ တူးထားကြရန် နိုးဆော် ထုတ်ပြန်ခဲ့သည်။  ထိုအရေးပေါ်ထုတ်ပြန်ချက်ကို ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် လူ ၇ ဦးသေဆုံးခဲ့သော စစ်ဘေးရှောင်စခန်း နှစ်ခုတို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလ ၁၆ ရက်နေ့ နမ့်မယ်ခုံမြို့တွင်လည်း အရပ်သားများကို တိုက်ရိုက်ပစ်မှတ်ထားသော လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေး၀န်ထမ်း (၃) ဦး သေဆုံးခဲ့သော ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သေးသည်။ အကြမ်းဖက်စစ်တပ်သည် အရပ်သားနှင့် ခုခံတော်လှန်ရေးတပ်သားများကို ခွဲခြားမှုမရှိကြောင်း သတ်ဖြတ်နေသည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရကြောင်း KSCC မှထုတ်ပြန်ခဲ့သည်။ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်နေပြီး ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများ တိုးလာနိုင်သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၏ အဆိုအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့နှင့် ၁၇ ရက်နေ့အကြား အကြမ်းဖက်စစ်တပ်မှ ပြည်နယ်တွင်း လေကြောင်းဖြင့် အနည်းဆုံး ၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။