အောက်တိုဘာလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် စစ်အာဏာသိမ်းသည့်အချိန်မှစ၍ ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသား ၅၀၀၀ ကျော်ကို ပြန်လွတ်ပေးမည်ဟု စစ်ကောင်စီမှ ကြေငြာခဲ့သည်။  ထိုကဲ့သို့သော ဆုံးဖြတ်ချက်ချခြင်းသည် တိုက်ဆိုင်မှုမဟုတ်ဘဲ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ ယခုလနှောင်းပိုင်းတွင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီအား ဖိတ်ကြားရန် ငြင်းဆိုပြီးချိန်နှင့် မကြာမီ ကျရောက်မည့် မြန်မာတို့၏ရိုးရာ သီတင်းကျွတ်ပွဲတော် ကာလအတွင်းတွင် ပြန်လွတ်ပေးသောကြောင့် တိုက်ဆိုင်မှုသက်သက် မဟုတ်ဘဲ နိုင်ငံရေး အရသာ လွတ်ပေးခြင်းဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူများကို ကာကွယ်ရန် လုံး၀ ပျက်ကွက်ခဲ့သည်။ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် စစ်ကောင်စီမှ သဘောတူခဲ့သော်လည်း ၎င်းတို့၏ကတိက၀တ်ကို အကောင်အထည်ဖော်ဆောင်ခဲ့ခြင်းမရှိပါ။ စစ်ကောင်စီသည် နိုင်ငံတကာအသိုင်းအ၀ိုင်းထံမှ ငွေကြေး ၊ လက်နက်နှင့် တရား၀င်မှုရရန် ကြိုးပမ်းနေသည်ဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews မှ ပြောကြားခဲ့သည်။ စစ်ဗိုလ်ချုပ်များ အလွန်တောင့်တသော တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရရန် ကြိုးပမ်းမှုများ မအောင်မြင်ခြင်းသည် ၎င်းတို့အပေါ် ယုံကြည်စိတ်ချမှုမရှိကြောင်းကို ပြောပြနေသည်

နိုင်ငံရေးအကျဥ်းသားများကို လွတ်ပေးပြီးနောက်မကြာမီ ပြန်လည်ဖမ်းဆီးခြင်းဖြင့် စစ်ကောင်စီ၏ ဂတိမတည်မှုကို ပြသခဲ့သည်။ သတင်းများအရ ဒါဇင်နှင့်ချီသော နိုင်ငံရေးအကျဥ်းသားများ ပြန်လည်ဖမ်းဆီးခံခဲ့ရသည်။ ဒီမိုကရက်တစ် မြန်မာ့အသံ(DVB)၏ သတင်းများအရ ရန်ကုန်၊ အင်းစိန်ထောင်အတွင်းမှ ပြန်လည်လွတ်မြောက်လာသူ အကျဥ်းသားတစ်ဦးကို တစ်နာရီမပြည့်မီ ပြန်လည်ဖမ်းဆီးခံခဲ့ရသည်ဟု သိရှိရသည်။ နိုင်ငံရေးကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ မှတ်တမ်းအရ အောက်တိုဘာလ ၁၈ ရက်နေ့ နိုင်ငံရေးအကျဥ်းသားများကို ပြန်လွတ်ပေးမည်ဟု ကြေငြာချက်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် အကျဥ်းသား ၁၁၀ ဦး ပြန်လည် ဖမ်းဆီးခံခဲ့ရသည်။ ပြီးခဲ့သည့် လများအတွင်း အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံရေးအကျဥ်းသား ၂၀၀၀ ဦးကို ပြန်လွတ်ပေးခဲ့သည်ဟု ထုတ်ပြန်ခဲ့သော်လည်း AAPP ၏ အတည်ပြုချက်အရ ၄၀၀ ဦး သာ လွတ်မြောက်ခဲ့သည်။ စစ်တပ်သည် ပြန်လည်လွတ်မြောက်သူများ၏ စာရင်းကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ ကမ္ဘာတဝှမ်းရှိ အစိုးရများမှ​ စစ်ကောင်စီတို့၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် နည်းဗျူဟာများကို ပြောင်းလဲသွားပြီဟူသော လက္ခဏာအဖြစ် မမှတ်ယူရန် အရေးကြီးသည်။​ ဆန့်ကျင်ဘက်အနေဖြင့် ဤနည်းကို စစ်အာဏာရှင်အဆက်အဆက် ဆယ်စုနှစ် ပေါင်းများစွာ ကျင့်သုံးခဲ့သည့် ပုံစံတူနည်းမျိုးဖြစ်သည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် လှည့်စားမခံဘဲ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရထံ အာဏာပြန်လွှဲပေးရန် စစ်ကောင်စီကို ဆက်လက်ဖိအားပေးရန် အရေးကြီးသည်။

အာဏာသိမ်းရန် ကြိုးပမ်းမှုသည် ဗိုလ်ချုပ်ကြီးများ မျှော်လင့်ထားသကဲ့သို့ အာဏာရှင်စနစ်သို့ လွယ်လွယ်ကူကူ သက်သောင့်သက်သာ ကူးပြောင်းမှုမဖြစ်ခဲ့ပေ။ ထို့အစား ပြည်သူလူထုသည် နုတ်ဆိတ်ရန် ငြင်းဆန်ခဲ့ပြီး ဆက်လက်ဆန့်ကျင်ဆန္ဒပြကာ နိုင်ငံတကာအသိုင်းအ၀ိုင်းကိုလည်း ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများနှင့် ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှုတို့ကို

ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုခဲ့ကြသည်။ မြန်မာနိုင်ငံအနောက်မြောက်ဘက်ရှိ  ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေကြီးတို့တွင် စစ်ဆင်ရေးတိုးချဲ့တိုက်ခိုက်မှုများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးလာသဖြင့် လူ့အခွင့်အရေးကောင်စီသို့  မြန်မာနိုင်ငံရေး အကျပ်အတည်းနှင့် ပတ်သက်၍ အရေးပေါ်အစည်းအ၀ေး တစ်ရပ်ပြုလုပ်ရန် Burma Campaign – UK မှ တောင်းဆိုခဲ့ကြသည်။ မြန်မာ နိုင်ငံတွင်းသို့ “နိုင်ငံခြား လက်နက်ကိုင်တပ်ဖွဲ့များ ရောက်ရှိလာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားနည်းရန်အတွက်  ချေမှုန်းရန် စစ်ကောင်စီသည် လုပ်ဆောင်နေကြောင်း” အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ထုတ်ပြန်ခဲ့သည်။

 

တိုင်းရင်းသားဒေသရှိ ပဋိပက္ခများ

ကယားပြည်နယ်

ကိုဗစ်-၁၉ ကူးစက်ရောဂါသည် လျှင်မြန်စွာဆက်လက်ပြန့်နှံ့နေပြီးဒေသခံပြည်သူလူထုအပေါ် ဆိုး၀ါးစွာ အကျိုးသက်ရောက်နေသည်။​ဖရူဆိုမြို့နယ်တွင် ကိုဗစ်လူနာ ၁၀၀ ဦးတွေ့ရှိခဲ့သည်။​

ကပ်ရောဂါသည် စစ်ကောင်စီတပ်နှင့်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများကြား တိုက်ပွဲများ မြင့်တက်နေချိန်  ရှင်သန်ရုန်းကန်နေရသော ဒေသခံတို့၏ အသက်မွေး၀မ်းကြောင်းကို ထိခိုက်နေသည်။​ ဖရူမြို့နယ်တစ်ခုထဲတွင် ပြည်သူ ၄၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင် နေရသည်။​ တပြည်နယ်လုံးအတိုင်းအတာအရ လူပေါင်း ၈၅,၀၀၀ ကျော်သည် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်။​

ကရင်နီကာကွယ်ရေးတပ်မတော် (KNDF)မှ ဆေးမှူးများသည်  ဒေသတွင်းရှိ စစ်ဘေးရှောင်များနှင့် ဖျားနေသော ကျေးရွာသားများကို ဆေးကုသမှု ပေးနေသည်။​

 

ချင်းပြည်နယ်

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အဆိုအရ စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များအကြား ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ချင်းပြည်နယ်တစ်ခုတည်းတွင် အရပ်သား ၂၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ပြည်တွင်းနှင့် နိုင်ငံတကာတို့မှ အကူအညီအထောက်အပံ့များကို ပို့ဆောင်ရာတွင် စစ်ကောင်တပ်များ၏ အဟန့်အတား အနှောက်အယှက်များကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ ခရီးသွားလာခြင်းနှင့် လုံခြုံရေးအခြေအနေများကြောင့် ဒေသခံများအား လုံ့လစိုက်ထုတ်ခြင်းမပြုရန် တွန်းအားပေးလျက်ရှိသည်။ လိုအပ်သောပစ္စည်းများနှင့် စားနပ်ရိက္ခာယူရန် ပြန်သွားသော စစ်ဘေးရှောင်များသည် ပစ်မှတ်ထားခံနေရသည်။​ တစ်ချို့သည် အသတ်ခံရပြီး တစ်ချို့သာ ထွက်ပြေးလွတ်မြောက်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။​

စစ်ကောင်စီတပ်မှ စစ်အင်အားအလုံးအရင်းဖြင့်  လက်နက်ကြီးများ တပ်ဆင်မှုကြောင့် ဒေသခံတို့၏ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် အခြေအနေ ပိုမိုဆိုး၀ါးလာမည်ကို  ဒေသခံများကြား စိုးရိမ်မှုများ မြင့်တက်နေသည်။

 

ကချင်ပြည်နယ် 

စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံရသည် မြစ်ကြီးနားအခြေစိုက် သတင်းထောက်များ ပြန်လည်လွတ်မြောက်လာခဲ့သည်။​ ၎င်းတို့သည် ယခုနှစ်အစောပိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် သတင်းများကို ဖော်ပြခဲ့သောကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။​ ကချင်သတင်းဌာန၏ အဆိုအရ မြစ်ကြီးနား သတင်းဂျာနယ်သတင်းထောက် Aje နှင့် Christopher တို့ကို ဧပြီလ ၁၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ဧပြီလ ၁၄ ရက်နေ့တွင် မမျိုးမြတ်ပန်ကို ဖမ်းဆီးခဲ့သည်။  74 Media မှ Chan Bu နှင့် Kachin Waves La Raw တို့ကို မတ်လ 29 ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

ကချင်ပြည်နယ်တွင် ရပ်ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ပရမ်းပတာ ပစ်ခတ်ခြင်း အပါ၀င် ရက်စက်ကြမ်းကြုတ်သော ထိုးစစ်ဆင်တိုက်ပွဲများကို အကြမ်းဖက် စစ်ကောင်စီတပ်များ ဆက်လက်လုပ်ဆောင်နေသည်။