ယခုအပတ်အတွင်း ရှေ့တန်းမှ တိုက်ပွဲဝင်နေသူများ အကျအရှုံးများခဲ့သည်။ သေဆုံး၊ ဒဏ်ရာရမှု များနှင့် ဖမ်းဆီး၊ ထိန်းသိမ်းခံရမှုများ နေ့စဥ်များပြားနေသော်လည်း တာဝန်ယူ တာဝန်ခံခြင်းမရှိမှုက မြန်မာပြည်သူများ၏ဘဝကို မြဲမြံစွာ ချိတ်ဆွဲထားဆဲဖြစ်သည်။