၁၀ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၁။
အာဏာသိမ်းစစ်အုပ်စုက ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) ဆိုသော စာတစ်စောင် ထုတ်ပြန်ရာ ၎င်းအား ရေးဆွဲသူများမှာ ပြည်သူက ဥပဒေပြုအာဏာအပ်နှင်းထားသူများ မဟုတ်သဖြင့် ကျွန်ုပ်တို့အရပ်ဘက် အဖွဲ့အစည်းများက ယင်း စာအပေါ် ဥပဒေကြမ်းတစ်ရပ်အဖြစ်ပင် လက်ခံနိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၉ ရက်နေ့စွဲဖြင့် ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း) ဆိုသည့် ဒီမိုကရေစီလုပ်ထုံးလုပ်စဉ်များနှင့် ဆန့်ကျင်သော ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ကာ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လိုင်စင်ရရှိသူများကို သဘောထား မှတ်ချက်တောင်းခံလာကြောင်း တွေ့ရှိရသည်။
၂။ ကနဦးအချက်အနေဖြင့် ယင်းကိုရေးဆွဲသူများမှာ အများပြည်သူက အပ်နှင်းသော အာဏာကို ရရှိထားသူ အစိုးရက ခန့်အပ်ထားခြင်း မဟုတ်သည့်အတွက် ထိုဥပဒေ (မူကြမ်း)ဟူသော အရာသည် မည်သည့် တရားဝင်ခြင်းမျှ မရှိဘဲ စာရွက်တစ်ရွက်အဖြစ်သာ ရှိသည်ဟု မိမိတို့မှ လက်ခံထားသည်။
၃။ ဒုတိယအချက်အနေဖြင့် အဆိုပါထုတ်ပြန်ချက်တွင် ပါဝင်သည့်အချက်များသည် အများပြည်သူ၏ အွန်လိုင်းပေါ်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ အချက်အလက်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံပိုင်ခွင့် အစရှိသည့် အခွင့်အရေးများအပြင် အခြားအခြေခံအကျဆုံးသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ကိုလည်း ဆိုးရွားစွာ ချိုးဖောက်ကာ အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့အား ပြည်သူလူထုက အွန်လိုင်းတွင် ဆန့်ကျင်ရေးသား၊ လှုပ်ရှားနေမှုများကို ကန့်သတ်ရန် ရည်ရွယ်လုပ်ဆောင် ထားသည်ကို တွေ့ရသည်။ ထို့ကြောင့် ယင်းအာဏာရှင်အမိန့်ညွှန်ကြားချက်ကို မိမိတို့အရပ်ဘက်အဖွဲ့အစည်းများက မိမိတို့ ရပ်တည်ရမည့် လမ်းစဉ်ကို မြဲမြံစွာကိုင်စွဲရပ်တည်လျက် ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
၄။ အဆိုပါ ဥပဒေမူကြမ်းအမည် တပ်ထားသော ထုတ်ပြန်ချက်သည် အာဏာသိမ်းစစ်အုပ်စုက အုပ်ချုပ်မှုအာဏာကို မတရား သိမ်းယူရုံသာမက၊ ဥပဒေပြုရေးအာဏာကို တရားမဝင်ကျင့်သုံးပြီး လူထုကို နည်းမျိုးစုံဖြင့် ဖိနှိပ်ရန် စတင်ကြိုးပမ်းမှုအဖြစ် ကျွန်ုပ်တို့က မှတ်ယူသည်။
၅။ သို့ပါ၍ ယင်းကဲ့သို့လုပ်ဆောင်မှုကို အချိန်မီမတွန်းလှန်နိုင်လျှင် ပြည်သူ့အခွင့်အရေးများ ဆုံးရှုံးလျက် ဖိနှိပ်အုပ်စိုးမှုကို ဆက်လက်သက်ဆိုးရှည်စေနိုင်မည် ဖြစ်သောကြောင့် ကျွန်ုပ်တို့ အရပ်ဘက်အဖွဲ့ အစည်းများအနေဖြင့် တိုင်းပြည်အာဏာကို မတရားသိမ်းယူထားသည့် စစ်အုပ်စုက ထိုသို့ လုပ်ဆောင်လာမှုကို လုံးဝ (လုံးဝ) ရှုတ်ချကာ ၎င်းအာဏာသိမ်းစစ်အုပ်စု သိရှိစေရန် ကျွန်ုပ်တို့ အရပ်ဘက် အဖွဲ့အစည်းများက အောက်ပါ ကြေညာချက်ကို ထုတ်ပြန်လိုက်သည်။
ကျွန်ုပ်တို့ အရပ်ဘက် အဖွဲ့အစည်းများသည် –
၁။ အာဏာသိမ်းစစ်အုပ်စု၏ တရားမဲ့ အာဏာသိမ်းယူမှုကို (လုံးဝ) လက်မခံ၊ ပြင်းထန်စွာ ရှတ်ချပြီး ပြည်သူ့အာဏာကို ပြည်သူအား ချက်ချင်း၊ ခြွင်းချက်မရှိ ပြန်လည်အပ်နှင်းရန် တောင်းဆိုလိုက်သည်။
၂။ အာဏာသိမ်း စစ်အုပ်စုက ဥပဒေပြုရေးအာဏာကို တရားမဝင်ကျင့်သုံးကာ လူထုကို နည်းမျိုးစုံဖြင့် ဖိနှိပ်ရန် ကြိုးစားမှု အစဖြစ်သော အဆိုပါ ဥပဒေ မူကြမ်း ဆိုသည့် ထုတ်ပြန်ချက်နှင့် မည်သည့် ထုတ်ပြန်ချက်၊ ဥပဒေပြုမှုမျိုးကို မဆို ကျွန်ုပ်တို့ အရပ်ဘက် အဖွဲ့အစည်းများက (လုံးဝ) အသိအမှတ်ပြု လိုက်နာမည် မဟုတ်ကြောင်း သိစေအပ်သည်။
၃။ ထို့အပြင် အာဏာသိမ်းစစ်အုပ်စု၏ ဒီမိုကရေစီစံနှုန်းများနှင့် လုံးဝ မကိုက်ညီသည့် အခြားသော ပြုကျင့်မှုများ အားလုံးကိုလည်း ချက်ချင်း ရပ်တန့်ရန် အပြင်းထန်ဆုံး တောင်းဆိုလိုက်သည်။

လက်မှတ်ရေးထိုးသည့် အဖွဲ့အစည်းများ
Action Committee for Democratic Development (ACDD)
Action Group for Farmers Affair (AGFA – Mandalay)
Action Group for Farmers Affair (AGFA – Ayeyarwady)
Action Group for Farmers Affair (AGFA – Bago)
Action Group for Farmers Affair (AGFA – Magway)
Action Group for Farmers Affair (AGFA – Sagaing)
Ananda Data
Arakan CSO Network
Athan – Freedom of Expression Activist Organisation
Ayeyawady West Development Organization- AWDO (Magway Region)
Bandugavlar Civil Call (BCC)
Bee House
Chin Agency
Citizen Action for Transparency (ပွင့်လင်းမြင်သာလူထုလှုပ်ရှားမှုအဖွဲ့)
Civic Engagement Development Network
Civic Engagement Network for M2
COMREG Community Response Group
Digital Rights Collective
Diversity and Public Truth
Empower Youth Enlightenment (EYE)
Equality Myanmar
Farmers Network-ဝမ်းတွင်း
Farmers and Land Rights Action Group
Farmers Development and Environmental Watch Group
လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ
Freedom and Labor Action Group
FREELAND Organization Lashio
Future Star (မတ္တရာ)
Gender Equality Network
Genuine People’s Servants – GPS
GOAL Organization
Golden Heart Organization
Green Justice Institute (GJI)
ကူညီသောလက်များ(ဒေသဖွံ့ဖြိုးရေးအဖွဲ့)
Hkumzup Development Committee
Htoi Gender and Development Foundation
Human Rights Defenders & Promoters (HRDP)
Human Rights Educators Network
Human Rights Foundation of Monland (HRFOM)
Justice For All (လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့် တရားမျှတမှု့)
Justice Movement for Community Inlay
Kayah Earthrights Action Network – KEAN
Kachin State Women Network
Kachin Women Union
Kachin Women’s Association of Thailand (KWAT)
ကနောင်အင်စတီကျု
Kanpetlet Land Development Organization
Karen Peace Support Network
Keng Tung Youth
KESAN Karen Environment and Social Action Network
Kyaukse Youth Network
Lamyan Farmers Network
Legal Knowledge Sharing Group
Let’s Help Each Other
LAIN Technical Support Group
Mandalay Affairs Team
မန္တလေးလူထုနေရာ
Mandalay Regional Youth Association (MRYA)
Mandalay Regional Youth Network
Mandalay Women Political Federation (MWPF)
Mann Thingaha (Gender GBV Team)
Maramagri Youth Network
MATA(Sagaing)
Matupi Women Association
Meiktila Youth Network
Minhla Youth Center
ဖွံ့ဖြိုးမှုအတွက် မြန် အိုင်စီတီအဖွဲ့ (MIDO)
Myanmar Cultural Research Society (MCRS)
Myanmar Deaf Society
Myanmar Fifth Estate
Myanmar Independent Living Initiative
Myanmar Muslim Youth Association (Kachin State)
Myanmar People Alliance (Shan State)
National Network for Education Reform
သဘာဝစိမ်း သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး မိတ်ဖက် အင်အားစု
Never End Tomorrow(NeT)
Ninggawn Institute (NI)
Northern Spectrum Youth Association
Nyan Lynn Thit Analytica
Open Development Foundation
Our Home
P.D.C.E (Peace, Development & Civic Engagement)
ပေါင်းကူး
Peace & Development Center (Meikhtila)
Peace Development Committee (မိတ္ထီလာ)
Pluralistic Society
ရှေ့ပြေးအသံ
ပွင်ဖြူဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (PDO)
ပြည်ကြီးခင်
Second Tap Root (ဒုတိယရေသောက်မြစ်)
Shan MATA
Shan State Ethnic Youth Federation
သျှမ်းပြည်နယ်ငြိမ်းချမ်းရေးအလုပ်အဖွဲ့
Shan Women Development Network
Shan Youth Yangon
Shwechinthae Social Service Group (Shwebo)
Socio- Economic & Gender Resource Institute
Southern Youth Development Organisation
SPACE
Spectrum Organization
Summer Shelter Library
Ta’ang Women’s Organisation
Tai Youth Organization – TYO
TEN, Taunggyi Education Network
Thazi Youth Network
The Seagull: Human Rights, Peace & Development
TRI STAR
တြိအမျိုးသမီးအဖွဲ့
TRY Organization
Uakthon Local Social Development Organization
Unity Arch Bridge Organization
Waingmaw CSO Network
White Marker Group
Win Peace
Women & Youth’s Development Organization (WYDO)
Yi Ywal Yar Community Development
Youth Champion Network
လူငယ်/၂၉ ဖွံဖြိုးမှုနေရာ
၈၈ငြိမ်းပွင့် စဉ့်ကူး
၈၈ငြိမ်းပွင့် မြစ်သား
၈၈ငြိမ်းပွင့် မိထ္တီလာ
၈၈ငြိမ်းပွင့် သပိတ်ကျင်း
၈၈ငြိမ်းပွင့် သာစည်
ကျောက်ပန်းတောင်း လူငယ်ကွန်ယက်
စိမ်းရောင်စို (တံတားဦး)
စိမ်းရောင်စို Activities
တမာရိပ်
တောင်သမန်ကွန်ယက်
ဒို့တိုးတက်ရာ အစည်းအရုံး
ဒို့တောင်သူလယ်သမားအဖွဲ့
ဒို့မြေကွန်ရက်
ပျော်ဘွယ် လူငယ်ကွန်ယက်
ပွင့်ဖြူလယ်ယာမြေကွန်ရက် (မကွေးတိုင်း)
မကွေးတိုင်းဒေသကြီးအရပ်ဘက်လူမှုအဖွဲ့အစည်းများ မဟာမိတ်အဖွဲ့
မဇ္စျိမမေတ္တာ ရေလှူအသင်း (မိတ္ထီလာ)
မင်းလတောင်သူအစုအဖွဲ့
မတ္တရာ လူငယ်ကွန်ယက်
မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ကိုယ်စားလှယ်များ
မြင်းခြံ နိုင်ကျဉ်းအဖွဲ့
မြင့်မြတ်ဧရာဝတီ လူငယ်လူမှု့ကွန်ယက်
မြေလတ်မျိုးဆက်အင်စတီကျု
မေမြို့ တောင်သူကွန်ယက်
ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင့်
ရွှေခြင်္သေ့တောင်သူကွန်ရက်(ရွှေဘိုခရိုင်)
ရွှေခြံအားမာန်အဖွဲ့ မြင်းခြံ
ရွှေမင်းသားဖောင်ဒေးရှင်း
ရွှေမင်းသား မသန်စွမ်း ဖောင်ဒေးရှင်း ( မြန်မာ )
ရှစ်လေးလုံးသွေးသစ် (မိုးညှင်း)
လက်လှမ်းမှီရေးအဖွဲ့
လွတ်လပ်သောအရှိုချင်အမျိုးသားများအင်အားစု
ဝိုင်းမော်မြို့နယ်လုံးဆိုင်ရာ သျှမ်းလူငယ်များစည်းလုံးညီညွတ်ရေးအဖွဲ့
ဝါးစိမ်းတောင်ကာကွယ်စောင့်ကြည့်ရေးကော်မတီ (WPWC)
သင့်မြတ်လိုသူများအဖွဲ့
သုခမိန်အင်စတီကျု
သုခုမခရီးသည်အဖွဲ့
အမျိုးသမီးနိုင်ငံရေး အင်အားစု
အိမ်ယာမဲ့ပြည်သူများ အစည်းအရုံး
အောင်သာစည်အဖွဲ့