၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်

မြန်မာ့တပ်မတော်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအ ဝင် အစိုးရတာဝန်ရှိသူများအား ဖမ်းဆီးထိန်းသိမ်းခြင်းကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင် ငံ) (ND-Burma) မှ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်။ မနက်လင်းအားကြီး အချိန်တွင် ဖမ်းဆီးမှုများကို ပြုလုပ်ခဲ့ပြီးနောက် အင်တာနက်နှင့် တခြားဆက်သွယ်မှုများ ပြတ်တောက်ခဲ့သည်။

ထိုသို့ ပြုလုပ်မှုသည် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ဦးဆောင်၍ အာဏာသိမ်းခြင်းဖြင့် ဒီမိုကရေစီနှင့် အညီ ဖွဲ့စည်းခန့်အပ်ထားမှုကို တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ လတ်တလော ဖမ်းဆီးထိန်းသိမ်းခံထားရ သူများနှင့် ထပ်မံဖမ်းဆီးခံရနိုင်သူများ၏ လုံခြုံရေးအတွက် များစွာ စိုးရိမ်မိပါသည်။

ထိန်းသိမ်းထားသူများအား ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် ND-Burma မှ တောင်းဆိုပြီး အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အား ဒုတိယအကြိမ် သက်တမ်း ဦးဆောင်ရန် ရွေးချယ်ခဲ့သည့် ၂၀၂၀ အ ထွေထွေရွေးကောက်ပွဲရလဒ်အားလည်း မြန်မာ့တပ်မတော်မှ လေးစားလိုက်နာရန် တောင်းဆိုပါသည်။ မြန်မာ့တပ်မတော်မှ ဒီမိုကရေစီ စံနှုန်းနှင့် အခြေခံမူများကို လေးစားလိုက်နာရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ဖျက်သိမ်းပြီး အာဏာအလွဲသုံးစားမှုကို ခွင့်မပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန် လည်ရေးဆွဲရန် နိုင်ငံတကာ အသိုင်းအဝိုင်းမှလည်း မဖြစ်မနေ ဖိအားပေး ဆောင်ရွက်ရ မည်ဖြစ်သည်။

စစ်တပ်နှင့် ဆက်စပ်ပတ်သက်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားပြီးနောက် ရွေးကောက်ပွဲ ဂုဏ်သိက္ခာနှင့် ပတ်သက်ပြီး စစ်တပ် မှ မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။ သက်သေအထောက်အထားမပြနိုင်ဘဲ မဲလိမ်မှုများရှိသည်ဟု စစ်တပ် မှစွပ်စွဲပြောဆိုသော်လည်း ဒီမိုကရေစီစံတန်ဖိုးများကို လျော့ပါးကျဆင်းစေရန် တောင်းဆိုပြု လုပ်ခဲ့ သည်။ ယခုအခါတွင် စစ်တပ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ ကို ကိုးကားပြီး ရွေးကောက်ပွဲကော်မ ရှင်၏ ဆောင်ရွက်ချက်နှင့် ရွေးကောက်ပွဲရလဒ်အပေါ် ပုံချ၍ ၄င်းတို့ အာဏာသိမ်းမှုကို ဖုံးကွယ်ထား သည်။

နိုင်ငံတော် အရေးပေါ်အခြေအနေကို မြန်မာ့တပ်မတော်မှ ကြေငြာခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ စစ်တပ်မှ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး စသည့် အာဏာကြီး သုံ:ရပ်အား တနှစ်ချုပ် ကိုင်လိုက်ခြင်း ဖြစ်သည်။ ၄င်းတို့၏ ယနေ့လုပ်ရပ်မှာ မြန်မာ့တပ်မတော်အနေဖြင့် ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းမှုကို လုံးဝစိတ်မဝင်စားသလို တိုင်းပြည်တွင်း လက်ရှိကျင့်သုံးနေသည့် ဥပဒေများအပေါ် ဂရု မစိုက်သည်ကို သက်သေပြနေသည်။ ယခုတပတ်အတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အရေးပေါ် အစည်းအ၀ေး လုပ်ရန်လိုအပ်ပြီး အဖွဲ့ဝင်နိုင်ငံများမှ မြန်မာနိုင်ငံတွင်း လက်ရှိအခြေအနေများကို ယခင်က ထက် အင်တိုက်အားတိုက် ထိရောက်စွာကိုင်တွယ် ဖြေရှင်းရန်လိုအပ်သည်။ ထိုအစည်းအ၀ေးတွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် လက်ရှိဖြစ်ပျက်နေသောအခြေအနေကို တုံ့ပြန်ရန်နှင့် ကိုယ်စား လှယ်အဖွဲ့ တစ်ဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ရန် စသည်တို့ပါ၀င်ရန် လိုအပ်သည်။ အရပ်ဖက်အဖွဲ့အစည်း များ၏ တောင်းဆိုချက်ကိုလည်း လျစ်လျူရှုခြင်း မရှိစေရပေ။

ထို့အပြင် ND-Burma အနေဖြင့် မြန်မာ့တပ်မတော်၏ ထိန်းချုပ်ကန့်သတ်မှုများကို ဆန့်ကျင်လျှက် ကြံ့ကြံခံ ရပ်တည်ပြီး လူ့အခွင့်အရေးအတွက် နှစ်ပေါင်းများစွာ အစဥ်တစိုက်ကြိုးပမ်းနေသည့် လူ့အခွင့် အရေး ကာကွယ်မြှင့်တင်သူများနှင့် တသားတည်းဖြစ်ကြောင်း ထပ်လောင်း ကတိကဝတ်ပြုပါသည်။ မိမိတို့အနေ ဖြင့် ဘဝတလျောက်လုံး အကြိမ်ကြိမ် အခါခါ ဖိနှိပ်မှုကို ခံနေရသည့် ပြည်သူများအတွက် တရားမျှတမှုနှင့် ဥပဒေစိုးမိုးမှု ရရှိစေရန် ကြိုးပမ်းလုပ်ဆောင်နေပါသည်။

ထို့ကြောင့် နိုင်ငံရေးခေါင်းဆောင်များနှင့် တခြားတက်ကြွလှုပ်ရှားသူများအား အမြန်ဆုံးလွှတ်ပေးရန် ထပ်မံတောင်းဆိုပါသည်။ အာဆီယံနိုင်ငံများအနေဖြင့်လည်း မြန်မာစစ်တပ်၏ လုပ်ရပ်များအား ဆန့်ကျင် သည့် အနေဖြင့် အရပ်ဘက်အစိုးရထံသို့ အာဏာပြန်လည်ရောက်ရှိရေးနှင့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး တို့တွင်ပူးပေါင်းပါဝင်ရမည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ပြစ်တင်ရှုံ့ချ ရုံတင်မကပဲ စစ်တပ် ၏ ဒီမိုကရေစီနှင့် ပြည်သူပြည်သားတို့အပေါ် ဆန့်ကျင်ကျူးလွန်သည့် ရာဇဝတ် မှုများအပေါ်လည်း တာဝန်ယူ တာဝန်ခံမှုရှိလာစေရန် အရေးယူ လုပ်ဆောင်သင့်ပါသည်။

ဆက်သွယ်ရန်

ဦးအောင်ဇော်ဦး – လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ ( HRDP)

ဖုန်း – +၉၅ ၉၄၂ ၁၀၃ ၉၄၉၃

ND-Burma အကြောင်း

ND-Burma ၏ အဖွဲ့ဝင် (၁၃) ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများအား ကိုယ်စား ပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀၀၄ ခုနှစ် မှစပြီး မှတ်တမ်းတင် နေသည့် အဖွဲ့အစည်းဖြစ်သည်။ ND-Burma တွင် အောက်ပါ အဖွဲ့ဝင် (၉) ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်း (၄) ဖွဲ့ ပါဝင်သည်။

အဖွဲ့ဝင်အဖွဲ့အစည်းများ 

၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး

၂။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

၃။ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့

၄။ အနာဂတ်အလင်းတန်းဆုံမှတ်

၅။ မွန်ပြည်လူ့အခွင့်အရေးအဖွဲ့

၆။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ)

၇။ တအာင်းအမျိုးသမီးအဖွဲ့အစည်း

၈။ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့

၉။ ထားဝယ်အမျိုးသမီးသမဂ္ဂ

ဆက်စပ်အဖွဲ့အစည်းများ

၁။ ချင်းလူ့အခွင့်အရေးအဖွဲ့

၂။ နိုင်ငံရေးအကျဥ်းသားဟောင်းများကွန်ရက် ပဲခူးအရှေ့ခြမ်း

၃။ ပအို၀်းလူငယ်အဖွဲ့

၄။ ရှေ့ပြေးအသံအဖွဲ့