ဇန်နဝါရီ ၂၉၊ ၂၀၂၁
မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းများ၏ ပူးတွဲကြေညာချက်
မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်အသွင်ကူးပြောင်းရေးနှင့်နိုင်ငံတော်အတွင်း ငြိမ်းချမ်းရေးနှင့်ဖွံ့ ဖြိုးရေး မြှင့်တင်နိုင်ရန် ကြိုးပမ်းအားထုတ်နေမှုကို အားပေးထောက်ခံကြောင်း မိမိတို့အခိုင်အမာအတည်ပြုပါသည်။ ဖေဖော်ဝါရီလ ၁ ရက်တွင် လွှတ်တော်အသစ် စတင်ရေးနှင့် သမ္မတသစ်တစ်ဦး ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းစဉ်ကို ငြိမ်းငြိမ်းချမ်းချမ်းဆောင်ရွက်နိုင်ရေးအတွက် မိမိတို့မျှော်လင့်နေပါသည်။ မကြာသေးမီက ကျင်းပခဲ့သော နိုင်ငံတစ်ဝန်းရွေးကောက်ပွဲတွင် ၎င်းတို့၏သမိုင်းဝင်ပါဝင်ခဲ့ကြမှုအတွက် မြန်မာနိုင်ငံသားများကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်မံပြောကြားပါသည်။ တပ်မတော်နှင့် နိုင်ငံအတွင်းရှိအခြားသော လူပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံးအနေဖြင့် ဒီမိုကရေစီစံနှုန်းများကို လိုက်နာစောင့်ထိန်းကြပါရန် တိုက်တွန်းပါသည်။ ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲရန် သို့မဟုတ် မြန်မာ့ဒီမိုကရက်တစ်အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေရန်အလို့ငှာ မည်သို့သောကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို မိမိတို့ ဆန့်ကျင်ကန့်ကွက်ပါသည်။ မြန်မာနိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သော ဒီမိုကရက်တစ်လွတ်လပ်မှု၊ အဓွန့်ရှည်တည်တံ့သောငြိမ်းချမ်းမှု နှင့် အားလုံးပါဝင်သော သာယာဝပြောမှုအတွက်ရှေ့ရှုလုပ်ဆောင်နေကြသူအားလုံးကို မိမိတို့ အားပေးထောက်ခံ ပါသည်။
သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏သံရုံးများ – ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင် – ဆွစ်ဇာလန်၊ ယူကေ၊ အမေရိကန်၊ နော်ဝေနှင့် နယူးဇီလန်နိုင်ငံ ဆိုင်ရာသံရုံးများ