လုံခြုံရေးအန္တရယ် ရှိသည့်တိုင် အမှန်တရားကို ရဲဝံ့စွာ ထုတ်ဖော်ပြောဆိုပေးခဲ့သူ များနှင့် ND-Burma ကွန်ရက်အဖွဲ့ဝင် အဖွဲ့အစည်းများမှ စွန့်စွန့်စားစား အချက်အလက်ကောက် ယူပေးခဲ့သော ကွင်းဆင်း သတင်းကောက်ယူသူအားလုံးအား ကျေးဇူးတင်ရှိပါ သည်။

ND-Burma အဖွဲ့ဝင်များနှင့် ၎င်းတို့၏လုံခြုံရေးကို ပဓာနမထားပဲ လူ့အခွင့်အရေးချိုးဖောက်မှု သက်သေအထောက်အထားများအား ကြိုးပမ်းစုဆောင်းပေးမှု မရှိဘဲနှင့် ယခုအစီရင်ခံစာ ဖြစ်မြောက်လာမည် မဟုတ်ပါ။ ယခုအစီရင်ခံစာပါ ကျူးလွန်ခံရသူများ၏ သတိပေးချက်အရ မြန်မာပြည်ငြိမ်းချမ်းရေးရရှိရန်မှာ ဝေးကွာနေသေးသည်။ သို့ သော် လည်း ၎င်းတို့အနေဖြင့် ကြံ့ကြံ့ခံရပ်တည်ကာ အပြောင်းအလဲအတွက် မျှော်လင့်ချက်အားယုတ်လျော့စေသူများကို ဆန့်ကျင်၍ အမှန်တရားအတွက် ထုတ်ဖော်ပြောဆိုမှုက လှုံ့ ဆော်မှုကို ဖြစ်စေသည်။

အစီရင်ခံစာဖြစ်မြောက်ရေးအတွက် အရေးကြီးသည့် အကူအညီများပေးခဲ့သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား အထူးပင် ကျေးဇူးတင်ပါသည်။