ဤသတင်းလွှာကို ထုတ်ဝေသည့်အချိန်သည် တကမ္ဘာလုံး၌  COVID-19 ကမ္ဘာအနှံကူးစက်ရောဂါ ဖြစ်ပွားလျက်ရှိပါသည်။ COVID-19 ပြန့်ပွားမှုကိုရပ်တန့်ရန်နှင့်  ခုခံအားအားနေသာ လူမှုအသိုင်းအဝိုင်းများကို ကာကွယ်ရန်၊ ကမ္ဘာအနှံသွားလာလှုပ်ရှားမှုနှင့် ခရီးသွားလာမှုတို့အပေါ် သိသိသာသာ ကန့်သတ်ချက်များဖြစ်ပေါ်လာသည်။

မြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့သော အဆိုးဝါးဆုံး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် နိုင်ငံတကာဥပဒေချိုးဖောက်မှုများ၏ အထောက်အထားများအား ယန္တရားက ဆက်လက်စုဆောင်း၊ ပေါင်းစည်း၊ ထိန်းသိမ်း စီစစ်သုံးသပ်လျှက်ရှိကြောင်း သက်ဆိုင်သူများအားလုံးကို အသေအချာပြောဆိုလိုပါသည်။ ယန္တရားသည် ဆက်လက်၍ သက်ဆိုင်သူများအားလုံးနှင့်လည်း နည်းမျိုးစုံဖြင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (သတင်းလွှာ) ရယူရန်