ND-Burma မှ ယနေ့ထုတ်ပြန်သည့် လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် အင်တာနက်စာမျက်နှာ တွင် ရယူ၊ ဖတ်ရှုနိုင်ပါသည်။ အစီရင်ခံစာတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ချိုးဖောက်မှုများကို မိမိတို့ အဖွဲ့ဝင်များမှ အသေးစိတ် မှတ်တမ်းတင်ထားခြင်းဖြစ်သည်။

မိမိတို့၏ တွေ့ရှိချက်အရ ၂၀၁၈ ခုနှစ် တနှစ်လုံးနှင့် နှိုင်းယှဉ်လ ျှင် ၂၀၁၉ ခုနှစ် ပထမ ၆ လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၃၆၀ ရာခိုင်နှုန်း များပြားလာသည်ကို မှတ်တမ်းတင်နိုင်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်လာသဖြင့် လူ့အခွင့်အရေးချိုး ဖောက်မှု အများစုဖြစ်ပွားနေပြီး။ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် ၄ ရာခိုင် နှုန်းနှင့် ၁၈ ရာခိုင်နှုန်း အသီးသီးဖြစ်ပွားနေသည်။

အသက်ရှင်ကျန်ရစ်သူများ တရားမ ျှတမှု ရရှိနိုင်ရန် တရားဥပဒေ စိုးမိုးရေးမှု ရှိစေရေးအတွက် အားကောင်းသည့် တရားစီရင်ရေး မဏ္ဏိုင်ပေါ်ထွန်းလာ ရန် မမောနိုင်၊ မပန်းနိုင် ဆက်လက်ဆောင်ရွက် နေကြသည့် မိမိတို့ အဖွဲ့ဝင် များအား အထူးလှိုက်လှဲစွာ ကျေးဇူးတင်၊ အသိအမှတ်ပြုပါသည်။ အဖွဲ့ဝင် များ၏ ထောက်ပံ့ကူညီမှုများ မရှိပဲနှင့် မိမိတို့လုပ်ငန်းများ ဆောင်ရွက်နိုင် မည်မဟုတ်ပါ။

 အစီရင်ခံစာ အပြည့်အစုံ