သတင်းထုတ်ပြန်ချက်
ရန်ကုန်၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၆ ရက်

လူ့အခွင့်အရေးချိုးဖောက်ခံရသူများမှ အစိုးရဆောင်ရွက်ပေးသည့် ပြန်လည်ကုစားပေးလျော်မှုကို လိုလားကြပြီး ၎င်းတို့နစ်နာခံစားခဲ့ရမှုများအတွက် တရားမျှတမှုကို ရှာဖွေရန် ထိုက်တန်သည်ဟု လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက် (မြန်မာနိုင်ငံ)နှင့် အခြားအရပ်ဖက်အဖွဲ့အစည်းများစုဖွဲ့ထားသည့် ပြန်လည်ကုစားပေးလျော်မှုအလုပ် အဖွဲ့မှ ယနေ့ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာသည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ၏ လိုအပ်ချက်ကို ပထမဦးဆုံး ဖော်ထုတ်ထားခြင်းဖြစ်ပြီး ၄င်းတို့ ခံစားနစ်နာခဲ့ရမှုများအ တွက် တရားမ ျှတမှု၊ တာဝန်ယူ၊ တာဝန်ခံမှုနှင့် နောက်တကြိမ်ထပ်မံမဖြစ်ပွားစေရေးအတွက် အာမခံပေးရန် အပါအဝင် အရေးယူဆောင်ရွက်ချက်ရမည့် ကိစ္စများကို အကြံပြုတိုက်တွန်းထားသည်။

“ဥပက္ခာမပြုကောင်းသောဘဝများ” ၁၉ ၇၀-၂၀၁၇ ခုနှစ်အကြား လူ့အခွင့်အရေးချိုးဖောက်ခံရသူများမှ တရားမ ျှတမှုအတွက် ၄င်းတို့၏ လိုအပ်ဆန္ဒကို အကျဉ်းချုပ်ဖော်ပြထားသည့် အစီရင်ခံစာသစ်သည် ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၁ ခုရှိ နစ်နာခံစားရသူ ၁၇၀ နှင့်တွေ့ဆုံမေးမြန်းမှုကို အခြေခံပြုစုထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ နှစ်ပေါင်း ၇၀ ခန့်ကြာမြင့်နေပြီဖြစ်သည့် ပြည်တွင်းစစ်ဒဏ် ခံစားခဲ့ရသူများ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများနှင့် မြေယာသိမ်းဆည်းခံရသူများအားတွေ့ဆုံမေးမြန်းထားသည့် ဖြစ်ရပ်များဖြစ်သည်။ တွေ့ဆုံမေး မြန်းဖြေကြားသူအများစုသည် ၁၉ ၈၈ ခုနှစ်တွင် ကျောင်းသားများ ဦးဆောင်ပြီး မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါ တီကို ဆန့်ကျင်ဆန္ဒပြခဲ့၍ ဖိနှိပ်ခြေမှုန်းခံရသူများ၊ ၁၉ ၉ ၁ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးတွင် ပြုလုပ်သည့် စစ်ဆင်ရေး၊ ကချင်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသည့် စစ်ပွဲများကို တွေ့ကြုံ ခံစားရသူများဖြစ်သည်။

နစ်နာခံစားရသူများနှင့် ၎င်းတို့မိသားစုဝင်များသည် အတင်းအကြပ်ဖမ်းဆီးခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ပျောက်ဆုံးသွားခြင်း၊ အဓမ္မပြုကျင့်ခံရခြင်း၊ အတင်းအကြပ် ရွှေ့ပြောင်းခံရခြင်းနှင့် မတရား အခွန်အခကောက်ခံခြင်းတို့အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံစားကြရသည်။

အစီရင်ခံစာသစ်တွင် စီးပွားရေးကြပ်တည်းမှု၊ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် ပညာရေး အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ထိခိုက်သက်ရောက်မှုများကို ဖော်ပြထားသည်။ “နိုင်ငံရေးအကျဉ်းသားတွေရဲ့ တွေ့ကြုံခံစားရတာတွေ၊ တရားမျှတမှု မရရှိတာတွေကို အစိုးရအနေနဲ့ အသိအမှတ်ပြုကို ပြုရမှာဖြစ်ပါတယ်”ဟု စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့မှ ဒါရိုက်တာ ဦးသွင်လင်းအောင် မှပြောသည်။ “ကျူးလွန်သူများအနေနဲ့၊ အစိုးရအနေနဲ့ အဲဒီချိုးဖောက်မှုတွေကို အသိအမှတ်ပြုပေးရမယ်၊ တောင်းပန်ရမယ်။ ပြန်လည်ကုစားပေးလျော်မှု ဥပဒေမှာ ထည့်သွင်း ပြဌာန်းထားတဲ့ အစိုးရစီမံခန့်ခွဲရေး လုပ်ငန်းစဉ်တွေကနေတဆင့် နစ်နာသူတွေဟာ ပြန်လည်ကုစားပေးလျော်မှုနဲ့ ထိုက်တန်တယ်ဆိုတာကို လက်ခံရမယ်” ဟု ဆက်ပြောသည်။
မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသော်လည်း မြန်မာပြည်ပြည်မြောက်ပိုင်းတွင် လက်နက်ကိုင် ပဋိပက္ခများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည့် ပဋိပက္ခများလျော့ပါးအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။ ဆက်လက်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့်အတူ အတင်းအကြမ်ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ တရားလက်လွတ်သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ ခိုင်းစေခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ကျူးလွန်မှုများ၊ မြေမြှုပ်မိုင်းကြောင့် သေဆုံးရခြင်း၊ လက်လွတ်စပယ် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်းတို့အပါအဝင် စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားလျှက်ရှိသည်။

“ဆက်လက်ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က အခုဆိုရင် နှစ်ပေါင်းများစွာရှိနေပေမယ့် လက်နက်ကိုင်ပဋိပက္ခ တွေ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ ပိုဆိုးလာတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံရ တဲ့သူတွေ တနေ့တခြားများလာတယ်” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ လွေးပိုးကမေဲးခြိူဝ်း ကပြောသည်။

“လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေအနေနဲ့ သူတို့တွေ့ကြုံခံစားရတာတွေအတွက် တရားမျှတမှု ရရှိဖို့ လိုအပ် ပါတယ်” ဟု ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) မှ ဆန်ထွယ်က ပြောသည်။ “ငြိမ်းချမ်းရေးအတွက် စစ်မှန်တဲ့ ယုံကြည်မှုကို တည်ဆောက်ဖိို့လိုတယ်။ တချိန်တည်းမှာပဲ ပြစ်မှုကျူးလွန်ပေမယ့် အပြစ်ပေးအရေးယူခံရခြင်းကနေ ကင်းလွတ်နေမှုတွေကို အဆုံးသတ်စေဖို့ တာဝန်ယူ၊ တာဝန်ခံမှုတွေ လိုအပ်မှာ ဖြစ်ပါတယ်”ဟု ဆက်ပြောသည်။

“မကြာသေးမီနှစ်တွေအတွင်း မွန်ပြည်နယ်လို မြန်မာပြည် ဒေသအချို့မှာ လက်နက်ကိုင်ပဋိပက္ခတွေ နည်းသွားပေမယ့်၊ လယ်ယာမြေအသိမ်းခံရတဲ့သူတွေ အများအပြား ဆက်ရှိနေပါတယ်” ဟု မွန်ပြည်လူ့အခွင့်အ ရေးဖောင်ဒေးရှင်းမှ နိုင်အဲမွန်က ပြောသည်။

ဆယ်စုနှစ်နှင့်ချီ၍ လူ့အခွင့်အရေးချိုးဖောက်ခံရသူများအတွက် ပြန်လည်ကုစားပေးလျော်မှုနှင့် သင်္ကေတပြုမှု ဆိုင်ရာ လက်ခံမှုကဲ့သို့ တရားမျှတမှုနှင့် တာဝန်ယူ၊ တာဝန်ခံမှုတို့ကို စတင်ဖော်ဆောင်ပေးနိုင်ရန်အတွက် လိုအပ်သည့် စီစဉ်ဆောင်ရွက်မှုများ လုပ်ဆောင်ရန်လည်း အစီရင်ခံစာမှ အစိုးရအားတိုက်တွန်းထားသည်။ တရားမျှတမှုနှင့် တာဝန်ယူ တာဝန်ခံမှုရရှိစေမည့် စစ်မှန်သည့် လုပ်ငန်းစဉ် မရှိမခြင်း မြန်မာနိုင်ငံအနေဖြင့် မကြာသေးခင်နှစ်များအတွင်း တွေ့ကြုံခံစားလာရသည့် ပွင့်လင်းလွတ်လပ်လာမှုသည် ပြီးမြောက်အောင်မြင်ခြင်း မရှိပဲ စစ်မှန်သည့် ဒီမိုကရေစီစနစ်သည်လည်း ခိုင်မာစွာ အမြစ်တွယ်နိုင်မည်မဟုတ်ပါ။

ပိုမိုသိရှိလိုပါက
ဆန်ထွယ် (ကချင်အမျိုးသမီးအစည်းအရုံး၊ ထိုင်းနိုင်ငံ)။ ဝ၉ ၄၂၃၀၇၆၆၂၅
လွေးပိုးကမေဲးခြိူဝ်း (တအာင်းအမျိုးသမီးအဖွဲ့အစည်း)။ ဝ၉ ၂၅၆၁၂၈၅၈၂
ကိုသွင်လင်းအောင် (စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့)။ ဝ၉ ၂၅၀၇၉ ၅၉ ၁၅
နိုင်အဲမွန် (မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း)၊ ၀၉ ၇၉၉ ၈၈၉ ၇၇၃

ND-Burma အကြောင်း
ND-Burma ၏ အဖွဲ့ဝင် ၁၆ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများအား ကိုယ်စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမ ျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀ဝ၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။

အဖွဲ့ဝင်အဖွဲ့အစည်းများမှာ:
၁။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP-B)
၂။ မွန်ပြည်လူ့အခွင့်အရေးအဖွဲ့ (Hurform)
၃။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT)
၄။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
၅။ တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့အစည်း (TSYO)
၆။ ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU)

ဆက်စပ်အဖွဲ့ဝင်များမှာ:
၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်ကွန်ဂရက် (AASYC)
၂။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)
၃။ နိုင်ငံတကာ မြေကမ္ဘာအခွင့်အရေးအဖွဲ့ (ERI)
၄။ ပအို့လူငယ်အဖွဲ့ (PYO)
၅။ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP)
၆။ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက် (ပဲခူးအရှေ့ခြမ်း)
၇။ ရှေ့ပြေးအသံအဖွဲ့ (PV)

ပြန်လည်ကုစားပေးလျော်မှုဆိုင်ရာ အလုပ်အဖွဲ့
အကြီးအကျယ်ချိုးဖောက်မှုများကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများကို ကုစားပြုပြင်နိုင်ရေးအတွက် ကူညီနိုင်ရန် ပြန်လည်ကု စားပေးလျော်မှုအလုပ်အဖွဲ့ကို ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ အလုပ်အဖွဲ့သည် အစိုးရမှ ကမကထပြုလုပ်သည့် ပြန်လည် ကုစားပေးလျော်မှုလုပ်ငန်းများ အကောင်အထော်ဖော်ဆောင်လာရန် စည်းရုံးတိုက်တွန်းလ ျှက်ရှိသည်။ အလုပ်အဖွဲ့မှ လူ့အ ခွင့်အရေးချိုးဖောက်ခံရသူများအား ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း တွေ့ဆုံမေးမြန်းမှတ်တမ်းတင်ပြီး တွေ့ရှိချက်များကို စုစည်း ကာ “ဥပက္ခောမပြုကောင်းသောဘဝများ” : ၁၉၇၀-၂၀၁၇ ခုနှစ်အကြား လူ့အခွင့်အရေးချိုးဖောက်ခံရသူများမှ တရားမ ျှတ မှုအတွက် ၄င်းတို့၏လိုအင်ဆန္ဒများကို အကျဉ်းချုပ်ဖော်ပြထားသည့် အစီရင်ခံစာသစ်အား ထုတ်ပြန်ခြင်းဖြစ်သည်။ ပြန် လည်ကုစားပေးလျော်မှုအလုပ်အဖွဲ့တွင် ND-Burma အဖွဲ့ဝင်များအပြင် အောက်ပါ အဖွဲ့များ ပါဝင်သည်။

• ဝိမုတ္တိအမျိုးသမီးအဖွဲ့ (VWO)
• စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့ (GPS)
• ပွင့်လင်းမြန်မာ့ရှေ့ဆောင် (OMI)
• ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း
• အနာဂတ်အလင်းတန်းဆုံမှတ် (FLC)