၁၉၇၀ – ၂၀၁၇ ခုနှစ်အကြား လူ့အခွThis image has an empty alt attribute; its file name is eng-rw-bur-1.jpgင့်အရေးချိုးဖောက်မှုများအတွက် နစ်နာခံစားရ သူများမှ တရားမျှတမှုအတွက် ၎င်းတို့၏လိုအင်ဆန္ဒများကို အကျဉ်းချုပ် ဖေါ်ပြထား သည်။

အစီရင်ခံစာပြုစုမှု နောက်ခံအခြေအနေနှင့် ရေးသားတင်ပြမှု။
ဤအစီရင်ခံစာကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) Network for Human Rights Documentation (Burma) နှင့် အခြားအရပ်ဘက်အဖွဲ့အစည်းများစုဖွဲ့ထားသည့် ပြန်လည်ကုစားပေး လျော်မှုအလုပ်အဖွဲ့ (Reparation Working Group) တို့မှ စုစည်းပြုစုထားခြင်းဖြစ်သည်။ ယခုလော လောတွင် အလုပ်အဖွဲ့ဝင် ၁၉ ဖွဲ့ရှိပြီး အစိုးရမှတာဝန်ယူဆောင်ရွက်သည့် ပြန်လည်ကုစားပေးလျော်မှု (Reparations) လုပ်ငန်းများ ဖြစ်ပေါ်လာစေရန် စည်းရုံးလှုံ့ဆော်လ ျှက်ရှိသည်။

ယခုအစီရင်ခံစာပါ တွေ့ရှိချက်များမှာ လူ့အခွင့်အရေးချိုးဖောက်ခံရသူများအား ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း တွေ့ဆုံမေးမြန်းထားသည့် မှတ်တမ်းများအပေါ် အခြေခံပါသည်။ တွေ့ဆုံမေးမြန်းဖြေကြားသူ အများစုသည် ရှစ်လေးလုံး အရေးတော်ပုံကာလအတွင်း ဖိနှိပ်ချေမှုန်းမှုကို ခံရသူများ။ ၁၉၉၁ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့တွင် စစ်တပ်၏ စစ်ဆင်ရေးကို ခံကြရသူများနှင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲများကို တွေ့ကြုံရသူများဖြစ်သည်။

ထွက်ဆိုချက်များသည် စစ်ပွဲများအတွင်းမှ အသက်ရှင်ကျန်ရစ်သူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မြေယာသိမ်း ဆည်းခံရသူများထံမှဖြစ်သည်။

တွေ့ဆုံဖြေကြားသူများနှင့် ၄င်းတို့၏ မိသားစုဝင်များသည် မတရားဖမ်းဆီးခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ သတ်ဖြတ် ခံရခြင်း၊ ပျောက်ဆုံးခြင်း၊ အဓမ္မပြုကျင့်ခံရခြင်း၊ အတင်းအကြပ်ရွှေ့ပြောင်းခံရခြင်းနှင့် မတရား အခွန်ကောက်ခံရခြင်းတို့အပါ ဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြုံတွေ့ခံစားကြရသည်။

အစီရင်ခံစာကို သုံးပိုင်းခွဲထားပါသည်။ ပထမပိုင်းတွင် အသက်ရှင်ကျန်ရစ်သူများ၏ ထွက်ဆိုချက်အရ လူ့အခွင့်အရေးချိုး ဖောက်မှုများ၏ ထိခိုက်သက်ရောက်မှုနှင့် ၄င်းတို့လိုလားသည့် တရားမ ျှတမှု။ ဒုတိယပိုင်းတွင် အရပ်ဖက်အဖွဲ့အစည်းများ က လူ့အခွင့်အရေးချိုးဖောက်ခံရသူများအပေါ် ကူညီဆောင်ရွက်ပေးသည့် အတိတ်မှ ဒဏ်ရာဒဏ်ချက်များကို ကုစားပေး သည့် အစီအစဉ်များနှင့် နောက်ဆုံးပိုင်းတွင် မြန်မာအစိုးရအား အသေးစိတ် အကြံပြုချက်များ ပါဝင်သည်။