လူ့အခွင့်အရေး မှတ်တမ်း ကွန်ယက် (မြန်မာနိုင်ငံ) သည် အသွင် ကူးပြောင်းကာလ တရားမျှတရေး နိုင်ငံတကာ စင်တာနှင့် ယူဂိုဆလားဗီယား နိုင်ငံဟောင်း၊ ဂွာတီမာလာ၊ အီရတ်၊ အာဖဂန် နစဿစတန်၊ ကမ္ဘောဒီးယားနှင့် တောင်အာဖရိက စသည့် ကမ္ဘာတဝှမ်းရှိ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းများ ပူးပေါင်း ဖွဲ့စည်းထားသည့် “Documentation Affinity Group” တွင် ပူးပေါင်းလုပ်ကိုင်လျှက်ရှိသည်။

ထိုအဖွဲ့၏ အဓိက လုပ်ငန်းများမှာ နည်းပညာနှင့် သတင်းအချက်အလက်များ ဖလှယ်ခြင်းနှင့် အဖွဲ့ဝင်တို့အကြား အတူတကွ ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာစေရန် ဖြစ်သည်။

ထိုအဖွဲ့သည် နှစ်စဉ် သုံးကြိမ်မှ လေးကြိမ်အထိ တွေ့ဆုံရန် စီစဉ်ထားပြီး နိုင်ငံတကာ တတ်သိပညာရှင်များနှင့် ပူးပေါင်း၏ မှတ်တမ်းတင်ခြင်း ဆိုင်ရာ အခက်အခဲများကို ဝိုင်းဝန်း ဖြေရှင်းလေ့ရှိသည်။

Documentation Affinity Group (DAG) အား ၂၀၀၅ ခုနှစ်တွင် ICTJ နှင့် ပါတနာ အဖွဲ့အစည်း ၅ ဖွဲ့မှ ပူးပေါင်း ဖွဲ့စည်းခဲ့ကြပြီး လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန် ပဏာမ ရည်ရွယ်သည်။

“အမှန်တရားအား မှတ်တမ်းတင်ခြင်း” စာအုပ်အား ပူးပေါင်း ထုတ်ဝေထားပြီး ထိုစာအုပ်တွင် ကမ္ဘောဒီးယား၊ မြန်မာ၊ ဂွာတီမာလာ၊ အီရတ်၊ ဆားဗီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့မှ လူ့အခွင့်အရေး ချိုးဖောက်မှု အတွေ့အကြုံများကို အခြေခံကာ အကောင်းဆုံး လုပ်ထုံးလုပ်နည်းများကို သုတေသနပြု ပြုစုထားသည်။

ထိုစာအုပ်၏ ရည်မှန်းချက်မှာ ကမ္ဘာတဝှမ်းတွင် တရားမျှတ၍ ဒီမိုကရက်တစ် လူ့ဘောင်များကို တည်ထောင်ရန်နှင့် အမှန်တရားအား ကာကွယ် မြှင့်တင်ရန်တို့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း အထောက်အကူပြုနိုင်ရန် အတွေ့အကြုံ သင်ခန်းစာများကို ရေးသားထားသည်။