ND-Burma မှ ထုတ်ပြန်သည့် ၂၀၁၇ ခုနှစ် လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာအရ အကြမ်းဖက်ချိုး ဖောက်မှုများအတွက် တရားမ ျှတမှုရရှိရန်ကြိုးပမ်းမှုများကို စစ်တပ်မှ ဆက်လက် တားဆီး ဟန့်တားနေ သည်။
၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်။
သတင်းထုတ်ပြန်ချက်
ND-Burma မှ ထုတ်ပြန်သည့် ၂၀၁၇ခုနှစ် လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာအရ ဆက်လက် ဖြစ်ပွားနေ သည့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တိုက်ပွဲများကြောင့် အရပ်သားများအပေါ်အကြမ်း ဖက်ကျူးလွန်မှုများကို အစိုးရလုံခြုံရေးတပ်ဖွဲ့များက အများဆုံးကျူးလွန်ကြောင်း တွေ့ရသည်။

ထိခိုက်နစ်နာသူအများစုမှာ တိုင်းရင်းသားများဖြစ်ပြီး လက်နက်ကြီးဒဏ်သင့်ခြင်း၊ အတင်းအကြပ်ဖမ်းဆီးခံ ရခြင်း၊ တရားလက်လွတ်သတ်ဖြတ်ခံရခြင်းနှင့် မြေမှုပ်မိုင်းကြောင့်သေဆုံးကြရသည်။ လူ့အခွင့်အရေးချိုးဖောက် မှုကျူးလွန်ပြီးနောက် စစ်သားများကို အပြစ်ပေးမှု အချို့ကိုသာတွေ့ရပြီး ယခုအစီရင်ခံစာပါဖြစ်ရပ်များတွင် တရားမျှတမှု ရရှိသည်ကို မတွေ့ရှရဘဲ စစ်တပ်အနေဖြင့် ထိခိုက်နစ်နာသူများအား ဆိတ်ဆိတ်နေစေရန်မည်သို့ ဖိအားပေး သည်ကို ထင်ရှားစွာပြသနေသည်။
တရားဝင်မဟုတ်သောလျော်ကြေးများကို ထိခိုက်နစ်နာသူ (သို့) ၄င်းတို့၏ မိသားစုများအား ပေးခြင်း သည် ဇဝေဇဝါဖြစ်စေရန် အားထုတ်ခြင်း (သို့) တရားမျှ တမှု ရှာဖွေနေသူများအတွက် စစ်တပ်၏ရှုပ်ထွေးသည့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့် လှည့်စားရန် အားထုတ်ခြင်း (သို့) တိုက်ရိုက်ခြိမ်းခြောက်ခြင်း များဖြင့် ဆောင်ရွက်ကြသည်။
အစီရင်ခံစာပါ ဖြစ်ရပ် ၁၀ ခုက အရပ်သားများ တွေ့ကြုံခံစားနေရသည့် အများဆုံးဖြစ်လေ့ရှိသော လူ့အခွင့် အရေးချိုးဖောက်မှု အပြင် တရားမ ျှတမှုရရှိရန် ကြိုးပမ်းမှုအပေါ် စစ်တပ်မှ မည်သို့ ခြိမ်းခြောက် အကြပ်ကိုင်နေ သည်ကို ပြသနေသည်။

  • ၂၀၁၇ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၅၀ ကို ND-Burma မှ မှတ်တမ်းတင်နိုင်ခဲ့ သည်။ အဖြစ်များသည့် လူ့အခွင့်အရေးချိုးဖောက်မှုမှာ ညှဉ်းပန်းနှိပ်စက်ခြင်းဖြစ်ပြီး ဖြစ်ရပ် ၂၄ ကို မှတ်တမ်း တင်နိုင်ခဲ့သည်။ ဒုတိယအဖြစ်များသည့် လူ့အခွင့်အရေး ချိုးဖောက်မှုမှာ တရားလက်လွတ် သတ်ဖြတ် ခြင်းဖြစ်ပြီးဖြစ်ရပ် ၁၁ ခုကို မှတ်တမ်းတင်နိုင်ကာ၊ မတရားဖမ်းဆီးမှု ၇ ခုကိုလည်း မှတ်တမ်းတင်နိုင် ခဲ့သည်။
  • လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးဒေသအဖြစ် ရှမ်းပြည်နယ်သည် ဆက်လက်ရှိနေပြီး ဖြစ်ရပ် ၄၂ ခု (၈၄%) ကို မှတ်တမ်းတင်နိုင်ခဲ့သည်။
  • လူ့အခွင့်အရေးချိုးဖောက်မှု အများစုကို အစိုးရလက်နက်ကိုင်တပ်ဖွဲ့များမှ ချိုးဖောက်ခြင်းဖြစ်ပြီး ၃၆ ခု (၇၂%) ရှိကာ စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်များမှ ကျူးလွန်ခြင်းဖြစ်သည်။ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ (EAOs) များမှ ချိုးဖောက်မှု ၆ ခု (၁၂%)၊ မည်သည့်အဖွဲ့အစည်းက ကျူးလွန် သည်ဟု မသိရသည့် ချိုးဖောက်မှု ၅ ခု (၁၀%) နှင့် အရပ်သားများမှ ချိုးဖောက်မှု ၃ ခု (၆%)ကို တွေ့ရသည်။
  • အပြစ်ကျူးလွန်သူများ အပြစ်ပေးခံရခြင်းမှ လွတ်မြောက်နေမှုမှာ စံအဖြစ် ဆက်ရှိနေပြီး မှတ်တမ်းတင်ခဲ့ သည့် ဖြစ်ရပ်များထဲမှ နစ်နာသူတဦးတယောက်ကမ ျှ ၄င်းတို့တွေ့ကြုံခံစား ခဲ့ရမှုနှင့်ပတ်သက်ပြီး တရား မ ျှတမှုကို မရရှိခဲ့ပေ။ ဥပေဒအရ စုံစမ်းစစ်ဆေးမှုများကို ကျူးလွန် သူများမှ ဆက်လက် ဟန့်တား လ ျှက်ရှိပြီး အလွတ်သဘော အမှန်တရားရှာဖွေမှုများမှာလည်း ခြိမ်းခြောက်ခံနေရသည်။
  • ၂၀၁၆ မှစပြီး လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ လျော့နည်းလာခြင်းကို တိုင်းပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ အမှန်တကယ်လျော့နည်း ကျဆင်းလာသည်ဟု မမှတ်ယူစေလိုပါ။ အကြောင်းမှာ မှတ်တမ်းတင်၊ သတင်းရယူခွင့်အပေါ် တင်းကြပ်စွာ တားမြစ်ထားမှု နှင့် လုံခြုံရေးအရ စိုးရိမ်ရမှုတို့ကြောင့်ဖြစ်သည်။

ND-Burma ၏ စည်းရုံးရေးအဖွဲ့ဝင် မချစ်ချစ်ဝင်းက “ ကျမတို့ရဲ့ ၂၀၁၇ ခုနှစ် လူ့အခွင့်အရေး အစီရင်ခံစာအရ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လက်ရှိနေပေမယ့် တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ အတွက် အရပ်သားတွေအပေါ် စိုးရိမ်စရာကောင်းတဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်နေတာတွေကို ပြသနေတယ်။
သတင်းအချက်အလက် ရယူမှုအပေါ် သိသိသာသာ တင်းကြပ်ထားတာကြောင့် အခုအစီရင်ခံစာမှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အနည်းအကျဉ်းကိုသာ မှတ် တမ်းတင်ဖော်ပြနိုင်တယ်။
အပြစ်ကျူးလွန်တဲ့သူတွေ အပြစ်ပေးခံရခြင်းက လွတ်မြောက်နေတာဟာလည်း စံအဖြစ် ဆက်လက်ရှိ နေတယ်။
တိုင်းပြည်မှာ ကာလကြာရှည် ဆိုးမွေအဖြစ်ရရှိထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကင်းစင်၊ ပပျောက် ပြီးတော့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ဆိုရင် ထိခိုက်နစ်နာသူတွေရဲ့ ခံစားနာ ကျင်မှုတွေကို အသိ အမှတ်ပြုပေးတာ၊ တာဝန်ယူ၊ တာဝန်ခံတာနဲ့ ပြန်လည်ကုစားပေး လျော်မှုတွေကနေတဆင့်ပဲ ရရှိမယ်လို့ ND-Burma အနေနဲ့ ယုံကြည်ပါတယ်။ ဒါကြောင့် ထိခိုက်နစ်နာသူတွေ တရားမ ျှတမှု ရရှိစေဖို့အတွက် လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို မိမိတို့အနေ ဖြင့် ဆက်လက်မှတ်တမ်းတင်သွားမည်ဖြစ်တယ်” ဟုပြောသည်။

မြန်မာဘာသာဖြင့်
ချစ်ချစ်ဝင်း
စည်းရုံးရေးအဖွဲ့ဝင်
ဖုန်း – +၉၅ (ဝ) ၉၄၅ ၂၂၀၄ ၂၁၀
အင်္ဂလိပ်ဘာသာဖြင့်
ဗာရိုနီကာ ကောလင်း
စည်းရုံးရေးဌာန
ဖုန်း- + ၉၅ (ဝ) ၉ ၄၅ ၉၃၆၁ ၁၈၆
ND-Burma ၏ အဖွဲ့ဝင် ၁၆ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများအား ကိုယ် စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀ဝ၄ ခုနှစ်မှ စပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။

အဖွဲ့ဝင်အဖွဲ့အစည်းများ
၁။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP-B)
၂။ မွန်ပြည်လူ့အခွင့်အရေးအဖွဲ့ (Hurform)
၃။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT)
၄။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
၅။ တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့အစည်း (TSYO)
၆။ ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU)

ဆက်စပ်အဖွဲ့အစည်းများ
၇။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်ကွန်ဂရက် (AASYC)
၈။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)
၉။ နိုင်ငံတကာ မြေကမ္ဘာအခွင့်အရေးအဖွဲ့ (ERI)
၁၀။ ညီမ ျှခြင်းမြန်မာ (EM)
၁၁။ လားဟူအမျိုးသမီးအဖွဲ့ (LWO)
၁၂။ ပအို့လူငယ်အဖွဲ့ (PYO)
၁၃။ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP)
၁၄။ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက် (ပဲခူးအရှေ့ခြမ်း)
၁၅။ ရှေ့ပြေးအသံ (PV)
၁၆။ ကချင်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် (KDNG)

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *