တအာင်းဒေသရှိ ပျက်သုဉ်းမှုဆီသို့ဦးတည်သော ဖွံ့ဖြိုးမှုစီမံကိန်းနှင့် ခြံမြေများအဓမ္မသိမ်းပိုက်ခံရခြင်းကြောင့် ဒေသခံမိသားစု (၆၃) ရာခိုင်နှုန်းမှာ လယ်ယာခြံမြေများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှူံးနေခြင်း တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး- TSYO မှ ထုတ်ဝေလိုက်သည့် အစီရင်ခံစာတွင် မြန်မာစစ်အစိုးရနှင့် ၎င်းတို့၏ လက်ဝေခံလုပ်ငန်းရှင်များ အတင်းအဓမ္မသိမ်းပိုက်မှုကြောင့် တောင်သူမိသားစုပေါင်း ၆၃ ရာခိုင်နှုန်းခန့်၏ လယ်ယာခြံမြေများ ဆုံးရှူံးခဲ့ကြရသည်ဟု ခန့်မှန်းတွက်ချက်တင်ပြထားပါသည်။ မြန်မာနိုင်ငံတွင် ῝နိုင်ငံရေးပြုပြင် ပြောင်းလဲမှု” အတွက် လူသိရှင်ကြား အသံကောင်းဟစ်နေသော်ငြားလည်း၊ အာဏာပိုင်များ၏ လယ်ယာမြေအဓမ္မ သိမ်းဆည်းမှုများမှာ ရပ်တန့်ခြင်းမရှိသေးပဲ ဒေသခံ မိသားစုများ၏အသက်မွေးဝမ်းကျောင်းနှင့် စားဝတ်နေရေးဖူလုံမှုကို ပိုမိုခြိမ်းခြောက်နေလျှက်ရှိပါသည်။ “ခြံမြေများအဓမ္မသိမ်းပိုက်ခံရခြင်း- တအာင်းဒေသရှိ ပျက်သုဉ်းမှုဆီသို့ဦးတည်နေသောဖွံ့ဖြိုးရေးစီမံကိန်းများ” အစီရင်ခံစာတွင် ရှမ်းပြည်မြောက်ပိုင်း တအာင်းဒေသရှိ လယ်ယာခြံမြေများအဓမ္မသိမ်းပိုက်ခံရခြင်း၏ ထိတ်လန့်တုန် လှုပ်ဖွယ်ရာ နောက်ဆက်တွဲ ဆိုးကျိုးများမှာ ဝိရောဓိဖြစ်နေသော မြန်မာ့လယ်ယာမြေဥပဒေများဖြင့် စစ်တပ်ဦးဆောင် အစိုးရက ပြည်သူလူထုကိုဖိနှိပ်ပြီး လယ်ယာခြံမြေများကို ဆန္ဒရှိသည့်အတိုင်း မည်ကဲ့သို့သိမ်းယူနေသည်ကို ဖော်ပြထားပါသည်။ မြန်မာအစိုးရသည် နိုင်ငံတကာ ဥပဒေဘောင်ကန့်သတ်ချက်ပါ မြန်မာ့ အိုးအိမ်၊ ခြံမြေနှင့်ပစ္စည်းပိုင်ခွင့် ဥပဒေ ကိုလည်းလိုက်နာရန်ပျက်ကွက်ခဲ့သည်၊ TSYO ၏အစီရင်ခံစာကို ပူးတွဲတာဝန်ခံရေးသားသူ မိုင်းပါင်လ က “ လာဘ်စားတဲ့ဒေသခံအာဏာပိုင်တွေဟာ ဥပဒေကိုအလွှဲ သုံးစားပြုပြီး ပြည်သူလူထုတွေရဲ့ လယ်ယာမြေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို သူတို့ရဲ့ပါးစပ်ကထွက်တဲ့ “အမိန့်” နဲ့ သိမ်းပိုက်ခဲ့တာနှစ်ပေါင်းများနေပါပြီ၊ အဲဒီ အမိန့်တွေဟာ တရားမျှတမှုလုံးဝမရှိပါဘူး။ စစ်တမ်းကောက်ခံခဲ့တဲ့ မိသားစုတွေရဲ့ ၆၃ ရာခိုင်နှုန်းဟာ ဆိုးကျိုးတွေကိုလက်တွေ့ခံစားနေရပြီး လယ်ယာသိမ်းဆည်းမှုတွေဟာလည်း ဆက်ဖြစ်နေတုန်းပါပဲ။ တကယ်လို့ အဲဒီလိုသိမ်းပိုက်မှုတွေ မရပ်ဘူးဆိုလို့ရှိရင်တော့ ဒေသခံတအာင်းပြည်သူလူထုတွေ နေထိုင်စားသောက်ဖို့ ခြံမြေတွေရှိမှာ မဟုတ် တော့ဘူး။” ဟုပြောပါသည်၊
အစီရင်ခံစာတွင် ဖော်ညွန်းထားသော လယ်ယာသိမ်းဆည်းမှုဖြစ်ပွားရခြင်း အဓိကအကြောင်းအရင်းဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကြီးမားသောဖွံ့ဖြိုးမှုစီမံကိန်းများမှာ- ရွှေလီရေအားလျှပ်စစ်ဓါတ်အားပေးရေကာတာ (၃) ခု၊ ရွှေ-သဘာဝ ဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်းများနှင့် တရုတ်-မြန်မာ ပို့ဆောင်ဆက်သွယ်ရေးမီးရထားစီမံကိန်း တို့ဖြစ်ပါသည်၊ ထို့အပြင် ပလောင်ဒေသအတွင်းတွင် စစ်တပ်တိုးချဲ့ခြင်း၊ လာဘ်စားမှုများဆက်လက်ရှိနေခြင်း၊ နမ့်ဆန်မြို့နယ်တွင် လမ်းတိုးချဲ့ဖောက်လုပ်နေခြင်းနှင့် ကြက်ဆူစီမံကိန်းများ၏ ဦးတည်ရာ အကျိုးဆက်အဖြစ် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးမျိုးစုံချိုးဖောက်မှုတို့ကို ဒေသခံတအာင်းပြည်သူများ ခံစားနေရပါသည်၊ လယ်ယာခြံမြေဧကပေါင်း ခန့်မှန်းခြေ (၄၂၉၄၀) ဧကကျော် အဓမ္မသိမ်းပိုက်ခံရပြီး၊ ထိုကဲ့သို့ သိမ်းပိုက်ခံရခြင်းကြောင့် မိသားစု အိမ်ခြေပေါင်း (၈၅၈၈) ကျော် ထိခိုက်ခံစားကြရသည်ဟု TSYO မှ သတင်းအချက်အလက် ကောက်ယူစုဆောင်း နိုင်ခဲ့ပါသည်။ ထိုဖော်ပြပါအရေအတွက်မှာ ဖွံ့ဖြိုးရေးစီမံကိန်းတိုးလာသည်နှင့်အမျှ ပိုမိုများပြားလာဖွယ်ရှိပါသည်။ လယ်ယာခြံမြေများ၊ အိုးအိမ်များ၊ အသက်မွေးဝမ်းကျောင်းများ ဆုံးရှူံးခြင်းနှင့် ဆုံးရှူံးမှုအတွက်ထိုက်တန်သည့် လျော်ကြေးမရရှိခြင်းတို့ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများမှာ တအာင်းပြည်သူလူထုအပေါ် ကြီးမားစွာသက်ရောက်စေ ပါသည်။ စီမံကိန်းမှထွက်ရှိမည့် အဓိက အကျိုးရလာဒ်များ ကို ဒေသခံပြည်သူများခံစားရမည်မဟုတ်ဘဲ အိမ်နီးနားချင်း တရုတ်နိုင်ငံသားရရှိခံစားရမည်ဖြစ်သည်၊ ခြံမြေသိမ်းပိုက်ခံသူများမှာ ယင်းတို့၏ကံကြမ္မာအတွက် ဆွေးနွေးတိုင်ပင်ခြင်း မခံရဘဲ ရွှေ့ပြောင်းထွက်ခွာရန်သာ ရိုးရှင်းစွာအမိန့်ပေးခံခဲ့ကြပါသည်။ လယ်ယာမြေသိမ်းပိုက်ခြင်းခံရသည့် ဒေသခံတစ်ဦးရှင်းပြချက်အရ တအာင်းလူထု၏ဘဝမှာ အလွန်ဆိုးရွားနေကြောင်း- “ ကျနော် အရမ်းဝမ်းနည်းပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အာဏာပိုင်တွေ ကျနော့်ခြံမြေကိုသိမ်းပြီးတဲ့နောက် သုံးရက်မှာ ကျနော့်ဇနီးလဲ အသက်ဆုံးသွားတယ်၊ ကျန်တဲ့သား နှစ်ယောက်ကလည်း သူတို့အမေသေဆုံးပြီးတဲ့နောက်ပိုင်းမှာ အိမ်မှာမနေချင်တော့ဘူး၊ အထက်တန်းကျောင်းတက်နေတဲ့သမီး နှစ်ယောက်ကလည်း ကျောင်းထွက်ကြရတယ်။ မှီခိုစရာဆိုလို့ ခြံမြေပဲရှိတယ်၊ တခြား အလုပ်ထပ်ရှာဖို့လည်း ကျနော်တို့မှာ အတွေ့အကြုံမရှိတော့ အင်မတန်ခဲယဉ်းတယ်” ဟုပြောသည်၊ မြန်မာအစိုးရအနေဖြင့် ပြည်သူလူထုတို့၏ အိုးအိမ်၊ ခြံမြေနှင့်ပစ္စည်းပိုင်ခွင့်ကို လေးစားလိုက်နာရန်၊ လူ့အခွင့်အရေးချိုး ဖောက်မှုများ ရပ်တန့်ရန်နှင့် အစိုးရနှင့်နိုင်ငံခြားကုမ္ပဏီများအနေဖြင့် လူမှုအသိုင်းအဝိုင်းအပေါ်တိုက်ရိုက် ဆိုးကျိုး သက်ရောက်စေမည့် ဖွံ့ဖြိုးရေး စီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူလူထုများနှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ ပွင့်လင်း မြင်သာမှု ကျင့်သုံးခြင်းနှင့် ဒေသခံလူထု၏ ထင်မြင်ယူဆချက်များကို လက်ခံစဉ်းစားခြင်းများ ပြုလုပ်ရန် TSYO မှ တိုက်တွန်းတောင်းဆို လိုက်ပါသည်။ မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားခေါင်းဆောင်များနှင့် စစ်မှန်သည့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သင့် သည်ဟု မိမိတို့ တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး- TSYO မှ နှိုးဆော်အပ်ပါသည်၊
ခြံမြေများအဓမ္မသိမ်းပိုက်ခြင်းစာအုပ် အသေးစိတ်လေ့လာလိုပါက
Blog
You are here: Home / Blog / အရင်းအမြစ်များ / အဖွဲ့များ၏ဝင်အစီရင်ခံစာ / ခြံမြေများအဓမ္မသိမ်းပိုက်ခံရခြင်း အစီရင်ခံစာ...
ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- ပြန်လည်ကုစားပေးလျော်မှု (Reparation)
- အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများသို့ အကြံပြုတိုက်တွန်းချက်များ။
- လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) မှ လူ့အခွင့်အရေးနေ့တွင် အသစ်ထုတ်ဝေသော အကျဉ်းချုပ်စာတမ်း“လေကြောင်း တိုက်ခိုက်ခြင်း”
- လေကြောင်းတိုက်ခိုက်မှုများ:၂၀၂၄ ခုနှစ်နိုဝင်ဘာလ တွင် ရှမ်းပြည်မြောက်ပိုင်း၊ ကချင် ပြည်နယ် နှင့် ကရင်ပြည်နယ် တို့တွင် စစ်ကောင်စီကျူးလွန်ခဲ့သော လေကြောင်းတိုက်ခိုက်မှုများ
Leave a Reply
Want to join the discussion?Feel free to contribute!