ND-Burma မှ ပြုစုထားသည့် ၂၀၁၆ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာအရ လူ့အခွင့်အရေးကျူးလွန်ချိုးဖောက်မှုများ သိသိသာသာ များပြားလာခြင်း

နေ့စွဲ ဖေဖေါ်ဝါရီ ၈၊ ၂၀၁၇

ချက်ခြင်းထုတ်ပြန်ရန်

ND-Burma မှ ယနေ့ထုတ်ပြန်သည့် ၂၀၁၆ ခုနှစ် လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာအရ လူ့အ ခွင့်အရေးချိုးဖောက်မှုများ သိသိသာသာ များပြားနေသည်ကို တွေ့ရသည်။ အဓိက တွေ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ၂၀၁၆ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၁၅၄ ခုကို မှတ်တမ်းတင်နိုင်သည်။ အရေအ တွက်အားဖြင့် ၂၀၁၅ ခုနှစ်အတွင်း မှတ်တမ်းတင်နိုင်ခဲ့သည့် ချိုးဖောက်မှု ၈၄ မှုထက် ၂ဆနီး ပါး များပြားနေခြင်း ဖြစ်သည်။
  • အဖြစ်များသည့် လူ့အခွင့်အရေးချိုးဖောက်မှုမှာ ညှဉ်းပန်းနှိပ်စက်ခြင်း ဖြစ်ပြီး ၂၀၁၆ ခုနှစ်အ တွင်း ၆၇ ခုမှတ်တမ်းတင်နိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ၂၆ခု မှတ်တမ်းတင်နိုင်ခဲ့ခြင်းနှင့် နှိုင်း ယှဉ်ကြည့်နိုင်သည်။ သတ်ဖြတ်မှုများမှာလည်း များပြားလာပြီး ၂၈ ခုမှတ်တမ်း တင်နိုင်ခြင်းက နှိုင်းယှဉ်ချက်အရအဆိုလ ျှင် ၂၀၁၅ ခုနှစ်အတွင်း မှတ်တမ်းတင် နိုင်ခဲ့သည့် ၁၁ ခုထက် များပြားနေသည်။
  • မြန်မာပြည် လူဦးရေ၏ ၁၀% ကျော်ရှိသည့် ရှမ်းပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက် မှုများ၏ ထက်ဝက်ကျော်ဖြစ်ပွားနေခြင်းဖြစ်သည်။
  • လူ့အခွင့်အရေးချိုးဖောက်မှုအများစုကို မြန်မာ့တပ်မတော်၊ နယ်ခြား စောင့်တပ်၊ ပြည်သူ့စစ်နှင့် ရဲတပ်ဖွဲ့က ကျူးလွန်ခြင်းဖြစ်ပြီး၊ ကျန်သည့် ချိုးဖောက်မှုများကို တိုင်းရင်းသားလက်နက် ကိုင်များ (EAOs) ဘက်မှ ကျူးလွန်ခြင်းဖြစ်သည်။
  • ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် စစ်တပ်အပေါ် ဥပဒေအရ အရေးယူနိုင်ခြင်းမှ လွတ်ကင်းနေသည်။ ထိုအခြေအနေက NLD ဦးဆောင်သည့် အစိုးရလက်ထက်တွင် အစိုးရ၏ လက်နက်ကိုင်တပ်များအား လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ကျူးလွန်ရန် ခွင့်ပြုနေ သည်။
  • ခြွင်းချက်အနေဖြင့် ၂၀၁၆ ခုနှစ်အတွင်း အရပ်သားများအား သတ်ဖြတ်ခဲ့သည့် စစ်သားများ အပြစ်ပေးခဲ့ခဲ့ရခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ခံရသူများ အတွက် တရားမ ျှတမှုရှာဖွေရန် အခွင့်အလန်းများ ရှိနေသည်ဟု ပြသနေခြင်းဖြစ်သည်။

ND-Burma မှ စီမံအဖွဲ့ဝင်တဦးဖြစ်သူ မွန်းနေလီက “ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က ဥပဒေကနေ အရေးယူခံရခြင်း လွတ်ကင်းနေတာဟာ စစ်တပ်ကို အပြစ်ပေးအရေးယူတာမျိုးမရှိဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ကျူးလွန်ဖို့ ခွင့်ပြုသလိုဖြစ်နေတယ်။ အကျိုးဆက်အနေနဲ့ ကတော့ စိတ်မကောင်းစရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ များလာတာပါဘဲ” ဟု ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အကြပ်အတည်းများကြောင့် အစိုးရအနေဖြင့် အတိတ်မှ အဖြစ်အပျက်များ အား လျစ်လျူရှုကာ အနာဂတ်ကို ပိုမိုအာရုံစိုက်စေရန် ဖြစ်လာစေသည်။

သို့သော်လည်း အတိတ် ကာလတွင် လူ့အခွင့်အရေးချိုးဖောက်ခံရသူများအနေဖြင့် ၄င်းတို့ နစ်နာဆုံးရှုံးခဲ့ရမှုများကြောင့် အနာဂတ်ကို ၄င်းတို့ကိုယ်တိုင် တည်ဆောက်နိုင်မည် မဟုတ်ပါ။ ဆက်လက်ဖြစ်ပေါ်နေသည့် ချိုးဖောက်၊ ကျူးလွန်မှုများကြောင့် နစ်နာခဲ့သူများအနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည့် အနာဂတ်ကို ယုံကြည်ရန် မဖြစ်နိုင်ပေ။ ငြိမ်းချမ်းရေး ရရှိရန်နှင့် အဆုံးတနေ့တွင် အပြစ်ရှိသူများ အပြစ်ပေးအရေးယူခံရခြင်းမှ လွတ်ကင်းစေသည့် ယဉ်ကျေးမှုအဆုံးသတ်စေရန်အတွက် မြန်မာပြည်ရှိ လူ့အခွင့်အရေးချိုးဖောက်ခံရသူများ၏ ဒဏ်ရာ အနာတရများကိုု သက်သာ ပျောက်ကင်း ကျေနပ်မှုရှိစေရန် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

အစီရင်ခံစာအကြောင်း ပိုမိုသိရှိလိုပါက

မြန်မာဘာသာဖြင့်
ကိုဘိုတောက်
စည်းရုံးလှုံ့ဆော်ရေးအဖွဲ့
ဖုန်း +၉၅ (၀) ၉၇၉ ဝ၂၀ ရ၄၉၅

ထိုင်းနိုင်ငံတွင်
မွန်းနေလီ
စီမံအဖွဲ့ဝင်
ဖုန်း: + ၆၆ (၀) ၈၅၅ ၂၃၃ ရ၉၁

အင်္ဂလိပ်ဘာသာဖြင့်
ဗာရိုနီကာ ကောလင်း
စည်းရုံးလှုံ့ဆော်ရေး အရာရှိ
ဖုန်း + ၉ ၅ (၀) ၉ ၄၅၉ ၃၆၁ ၁၈၆