Nobel Aye is one of 191 female political prisoners in Burma. (Source: AAPP)

Nobel Aye is one of 191 female political prisoners in Burma. (Source: AAPP)

နအဖ စစ်အုပ်စု၏ ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရသော မနှင်းမေအောင်သည် မုံရွာအကျဉ်းထောင်တွင် ပြီးခဲ့သည့် စနေနေ့က တိုက်ပိတ်ပြစ်ဒဏ် ပေးခံထားရကြောင်း

ထောင်ဝင်စာသွားတွေ့သည့် အခြားမိသားစုမှတဆင့် ကြားသိရသည်။

မည်သည့်အတွက် တိုက်ပိတ်သည်ကိုမူ အသေးစိတ်မသိရှိရသေးပေ။ ယခု တိုက်ပိတ်ခံနေရချိန်တွင် နှင်းမေအောင်သည် အသည်းရောင်အသားဝါရောဂါကို ခံစားနေရပါသည်။
နှင်းမေအောင်သည် ၁၉၉၈ ခုနှစ် စက်တင်ဘာလ တွင် ပထမအကြိမ် ဖမ်းဆီးခြင်း ခံရပြီး ထောင်ဒဏ် ၄၂ နှစ် ချမှတ်ခြင်းခံခဲ့ရသည်။ ၂၀၀၅ ခုနှစ် ဇူလိုင်လ တွင် ပြန်လည် လွတ်မြောက်လာသူတဦး ဖြစ်သည်။