Security guards gesture to photographers to stop taking photos of the DBS Group bank in Singapore (Photo: Reuters)

Security guards gesture to photographers to stop taking photos of the DBS Group bank in Singapore (Photo: Reuters)

(မဇ္စျိမ) စစ်အစိုးရသည် သဘာဝ ဓာတ်ငွေ့ ရောင်းရငွေမှ အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၈၀၁ ကို စာရင်းဖျောက်ပြီး စင်္ကာပူရှိ ဘဏ်နှစ်ခု တွင် လျှို့ဝှက် သိမ်းဆည်း ထားသည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့က ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ အခြေစိုက် Earth Rights International အဖွဲ့က ထုတ်ပြန်သော စာမျက်နှာ ၁၁၀ ပါ Total Impact: The Human Rights, Environmental, and Financial Impacts of Total and Chevron’s Yadana Gas Project in Military-Ruled Burma (Myanmar) အစီရင်ခံစာက မြန်မာစစ်အစိုးရသည် ဓာတ်ငွေ့ရောင်းချရငွေများကို စာရင်းလျော့ပြပြီး စင်္ကာပူနိုင်ငံ Overseas Chinese Banking Corporation (OCBC) ဘဏ်နှင့် DBS Group တို့တွင် အပ်နှံထားသည်ဟု ဆိုသည်။

ရတနာသဘာဝဓာတ်ငွေ့လုပ်ငန်းက မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၄.၈၃ ဘီလီယံ (ကျပ်ငွေ သန်းပေါင်း ၄.၅၆ သန်းခန့်) ရရှိပြီးဖြစ်သော်လည်း စစ်အစိုးရက နိုင်ငံတော်ဘဏ္ဍာ ဝင်ငွေစာရင်းပြသရာတွင် ဒေါ်လာ ၂၉ သန်းသာ ပြထားသည် အစီရင်ခံစာတွင် ပါရှိသည်။

“ကျနော်တို့ ရရှိတဲ့ အချက်အလက်တွေက ခိုင်လုံတိကျမှု မရှိဘဲနဲ့ ကျနော်တို့ သတင်းတွေ တင်ရဲမှာ မဟုတ်ပါဘူး” ဟု ERI မှ ပြာရေးဆိုခွင့်ရှိသူ ဦးနိုင်ထူးက မဇိ္ဈမကို ပြောသည်။

“ဒီဂက်စ် (သဘာဝဓာတ်ငွေ့) က ရတဲ့ငွေတွေကို မြန်မာပြည်ရဲ့ ဝင်ငွေထဲမှာ မဖော်ပြခဲ့ဘူး။ အဲဒါကို သူတို့ရဲ့ နှစ်စဉ်အစီရင်ခံစာထဲမှာ ရှာဖွေတွေ့ရှိခဲ့တယ်။ ဒီဟာကို ပြန်ပြီးစစ်ဆေးလို်က်တဲ့ အခါကျတော့ ဒီပိုက်ဆံတွေက စင်္ကာပူက ဘဏ်နှစ်ခုထဲ ရောက်နေတယ်။”

ERI အနဖြေင့် ၂ နှစ်ကြာ သုတေသနလုပ်ထားခဲ့ပြီး အစီရင်ခံစာကို ရေးသားထားခြင်းဖြစ်ကာ “ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်တခု” ကို ကိုးကားပြီး ဖော်ထုတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းကို ၁၉၉၂ ခုနှစ်မှ စတင်ခဲ့ပြီး ပြင်သစ်နိုင်ငံ Total ကုမ္ပဏီနှင့် အမေရိကန်နိုင်ငံ Chevron တို့က ဦးဆောင်ကာ ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတို့ ပါဝင်သည်။

ပြဿနာများဖြင့် ရှုပ်ထွေးအငြင်းပွားစရာဖြစ်နေခဲ့သည့် ပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အများဆုံးလည်း ဖြစ်ခဲ့သည်။

ပိုက်လိုင်းဖောက်လုပ်ရာ လမ်းတလျှောက်ဒေသခံများကို စစ်တပ်က အတင်းအဓမ္မ လုပ်အားပေးခိုင်းစခြေင်း၊ လယ်မြခြေံမြေများ သိမ်းဆည်းခြင်းနှင့် ရွှေ့ပြောင်းခြင်းများ ရှိနေခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသည့် လှုံ့ဆော်သူများက ပြောသည်။

မြန်မာ့စစ်တပ်က ပိုက်လိုင်းလုံခြုံရေး ယူထားပေးပြီး အာဏာပိုင်များက လုပ်အားပေးဆင့်ခေါ်ခြင်းများ ဆက်လက် ရှိနေသေးသည်ဟု လှုံ့ဆော်သူများက ပြောသည်။ ပြီးခဲ့သည့်လက Total က လုပ်အားပေး စေခိုင်းမှုများ မရှိတော့ဟု ငြင်းဆိုထားသည်။

တနင်္သာရီတိုင်း မြန်မာ့ကမ်းလွန် မုတ္တမပင်လယ်ကွေ့မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို ကီလိုမီတာ ၄၁၂ ကီလို ရှည်လျားသော ပိုက်လိုင်းဖြင့် ထိုင်းနိုင်ငံ ရတ်ချဘူရီခရိုင်အတွင်းသို့ သွယ်တန်းရောင်းချထားသည်။

အစီရင်ခံစာတွင် မြန်မာစစ်အစိုးရသည် သဘာဝဓာတ်ငွေ့ ရောင်းရငွေကို အမေရိကန် တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၆ ကျပ်နှင့် ညီသည်ဆိုသော အမှန်တကယ် အလုပ်မဖြစ်တော့သော တရားဝင် နိုင်ငံခြားငွေလဲနှုန်းကို အသုံးပြုကာ နိုင်ငံတော်ဝင်ငွေတွင် ပြသထားသည်ဟု ဆိုသည်။ ယခုလက်ရှိ ပြင်ပငွေလဲနှုန်းမှာ တဒေါ်လာလျှင် ၁၀၀၀ ကျပ် ခန့်ဖြစ်သည်

၆ ကျပ်နှုန်းဖြင့် တွက်ချက်ကာ စာရင်းသွင်းလိုက်သဖြင့် ၂၀၀၇-၂၀၀၈ ဘဏ္ဍာငွေစာရင်းတွင် သဘာဝဓာတ်ငွေ့မှ ရရှိသော ဝင်ငွေသည် ၁ ရာခိုင်နှုန်းအောက် ရောက်သွားတော့သည်။ ပြင်ပပေါက်ဈေးနှင့်သာတွက်လျှင် ၅၇ ရာခိုင်နှုန်းပင် ရှိသည်ဟု ပါရှိသည်။

စစ်အစိုးရက သဘာဝဓာတ်ငွေ့ရောင်းချခြင်းမှရသော ဝင်ငွေကို ၄.၈၃ ဘီလီယံဒေါ်လာဟု ပြသရမည့်အစား ဒေါ်လာ ၂၉ သန်းဟုသာ စာရင်းသွင်းထားသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

“ဝင်ငွေများ၏ အကျိုးဆက်မှာ Total နှင့် Chevron တို့မှ နအဖစစ်အစိုးကို ခေါင်းမာလာစေရန် အားပေးအားမြှောက် ပြုလုပ်ရာတွင် အဓိက ပါဝင်သည်သာမက နအဖ စစ်အစိုးရအပေါ် နိုင်ငံတကာနှင့် ပြည်တွင်းတို့၏ ဖိအားပေးမှုများကို ထိရောက်မှု မရှိလာသည့်အပေါ် အဓိက အကြောင်းရင်းတခု ဖြစ်သည်” ဟု ERI ကြေညာချက်တွင် ပါရှိသည်။

“အခုသူတို့မှာက ဒီပိုက်ဆံတွေ လက်ထဲမှာရှိနေတော့ သူတို့ ဘာလုပ်လုပ်၊ လုပ်လို့ရတယ်လေ။ အဲဒီတော့ ဒီပို်က်ဆံတွေကို စင်္ကာပူအစိုးရတို့၊ သက်ဆိုင်ရာ နိုင်ငံတကာအသိုင်းအဝိုင်းတွေက အဲဒီပိုက်ဆံတွေကို ရပ်တန့်ထားနိုင်မယ်ဆိုရင် ပြုပြင်ပြောင်းလဲမှုတခု ဖြစ်လာမယ်လို့ ထင်ပါတယ်” ဟု ဦးနိုင်ထူးက ပြောသည်။