​သ​တင်း​ထုတ်​ပြန်​ချက်

​မြန်​မာ​နိုင်​ငံ​တွင် ၂၀၁၅ ​ခုနှစ်​အ​တွင်း ​ဆက်​လက်​ဖြစ်​ပေါ်​နေ​သည့် ​လူ့​အ​ခွင့်​အ​ရေး​ချိုး​ဖောက်​မှု​များ​ကို ​လူ့​အ​ခွင့်​အ​ရေး​မှတ်​တမ်း​ကွန်​ရက်-​မြန်​မာ​နိုင်​ငံ (ND-Burma) ​မှ ​မှတ်​တမ်း​တင်​ထား​သည့် ​အ​စီ​ရင်​ခံ​စာ​သစ်​ထုတ်​ပြန်​ခြင်း

​ရက်​စွဲ။ ။ ၂၀၁၆ ​ခုု​နှစ် ​ဖေ​ဖော်​ဝါ​ရီ​လ၊ ၂၉  ​ရက်။

၂၀၁၅ ​ခုု​နှစ် ​ဇန်​န​ဝါ​ရီ​မှ ​ဒီ​ဇင်​ဘာ​အ​ထိ ​မြန်​မာ​နိုုင်​ငံ​အ​တွင်း ​လူ့​အ​ခွင့်​အ​ရေး​ချိုး​ဖောက်​မှု ၈၄ ​ခု​ကို ND-Burma ​မှ ​မှတ်​တမ်း​တင်​ထား​သည့် ​အ​စီ​ရင်​ခံ​စာ​ကို ​ယ​နေ့​ထုတ်​ပြန်​လိုက်​သည်။ ​ချိုး​ဖောက်​မှု​များ​မှာ ​လက်​နက်​ကိုင်​ပ​ဋိ​ပ​က္ခ​များ ​ဖြစ်​ပွား​သည့်​ဒေ​သ​များ​နှင့် ​အ​ပစ်​အ​ခတ်​ရပ်​စဲ​ထား​သည့် ​ဒေ​သ​များ​တွင် ​ဖြစ်​ပွား​ခဲ့​ခြင်း​ဖြစ်​သည်။

၂၀၁၅ ​ခုု​နှစ်​အ​တွင်း ​မြန်​မာ​နိုင်​ငံ​အ​တွင်း ​အ​ဖြစ်​အ​များ​ဆုံုး ​ချိုး​ဖောက်​မှု​ဖြစ်​သည့် ​ညှင်း​ပန်း​နှိပ်​စက်​မှု ​ဖြစ်​ပြီး၊ ND-Burma ​မှ ​မှတ်​တမ်း​တင်​ထား​သည့် ​ညှင်း​ပန်း​နှိပ်​စက်​မှု၂၆ ​မှု​နှင့်​အ​တူ ​မီး​မောင်း​ထိုး ​တင်​ပြ​ထား​သည်။ ​ထို့​အ ​ပြင်၊ ​နို​ဝင်​ဘာ​လ​တွင် ​ကျင်း​ပ​ခဲ့​သည့် ​အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲ​နှင့် ​သက်​ဆိုင်​သည့်၊ ​လွတ်​လပ်​စွာ ​ထုတ်​ဖော်​ခွင့် ​နှင့် ​အ​ဖွဲ့​အ​စည်း​အ​သင်း​အ​ပင်း ​ဖွဲ့​စည်း​ခွင့်​ကို ​ပိတ်​ပင်​သည့် ​ချိုး​ဖောက်​မှု ၁၇ ​ခု​နှင့်၊ ​သတ်​ဖြတ်​မှု ၁၁ ​ခုကိုလည်း ​မှတ်​တမ်း​တင်​နိုင်​ခဲ့​သည်။ ​မှတ်​တမ်း​တင်​ထား​သည့် ​လူ့​အ​ခွင့်​အ​ရေး​ချိုး​ဖောက်​မှု ​ဖြစ်​ရပ်​များ​အ​ရ ​အ​စိုး​ရ​တပ်​နှင့် ​တိုင်း​ရင်း​သား​လက်​နက်​ကိုင်​အ​ဖွဲ့ (EAOs) ​အ​ချို့​မှ ​အ​ရပ်​သား​များ​အ​ပေါ် ​ပစ်​မှတ်​ထား ​ကျူး​လွန်​ခြင်း​ကို ​တွေ့​ရ ​သည်။

​အ​စီ​ရင်​ခံ​စာ​၏ ​ရည်​ရွယ်​ချက်​မှာ ၂၀၁၅ ​အောက်​တိုု​ဘာ​လ​တွင် ​တ​နိုင်​ငံ​လုံး​အ​ပစ်​အ​ခတ်​ရပ်​စဲ​ရေး​သ​ဘော​တူ​စာ​ချုပ်​ကို ​လက်​မှတ်​ရေး​ပြီး၊ ​ငြိမ်း​ချမ်း​မှု ​အ​နည်း​ငယ်​သာ ​ဆောင်​ကျဉ်း​နိုင်​ခြင်း၊ EAOs ၈​ဖွဲ့​သာ NCA ​ကို ​လက်​မှတ်​ရေး​ထိုး​ပြီး၊ ​အား​လုံး​ပါ​ဝင်​ရေး​မူ​အ​ရ NCA ​ကို ​လက်​မှတ်​မ​ရေး​ထိုုး​သည့် ​အ​ဖွဲ့​များ ​ရှိ​သ​ကဲ့​သို့၊ ​အ​ဖွဲ့​အ​စည်း ၆ ​ဖွဲ့​မှာ​လည်း NCA ​တွင် ​ပါ​ဝင်​ရန် ​ဖယ်​ထုတ်​ထား​ခြင်း ​ခံ​နေ​ရ​သည်။ NCA ​လက်​မှတ်​ရေး​ထိုး​ပြီး​ချိန်​မှ​စ​၍ ​လက်​မှတ်​ရေး​ထိုုး​ရန် ​ငြင်း​ဆန်​ထား​သည့်​အ​ဖွဲ့​များ​ရှိ​ရာ ​ရှမ်း​ပြည်​မြောက်​ပိုုင်း၊ ​က​ချင်​ပြည်​နယ်​နှင့် ​ရ​ခိုင်​ပြည် ​နယ်​တ​ချို့​ဒေ​သ​တို့​တွင် ​လက်​နက်​ကိုင်​ပ​ဋိ​ပ​က္ခ​များ ​ကျယ်​ပြန့်​စွာ ​ဖြစ်​ပွား​နေ​သည်။

ND-Burma ​၏ ​တွေ့​ရှိ​ချက်​များ​အ​ရ ၂၀၁၅ ​ခု​နှစ်​အ​တွင်း ​ထင်​ရှား​သည့် ​ဖြစ်​ရပ်​များ​အ​ဖြစ် NCA ​အား EAOs ​အ​ချို့​နှင့် ​အောက်​တိုဘာ​လ​တွင် ​လက်​မှတ်​ရေး​ထိုး​နိုင်​ခြင်း၊ ​အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲ​ကို ​နို​ဝင်​ဘာ​လ​တွင် ​ကျင်း​ပ​နိုင်​ခြင်း​တို့ ​ပြု​လုပ်​နိုင်​သော်​လည်း၊ ​အ​ရပ်​သား​များ​အ​ပေါ် ​လူ့​အ​ခွင့်​အ​ရေး​ချိုး​ဖောက်​မှု​များ ​ကျူး​လွန်​ခြင်း​နှင့် ​လူ့​အ​ခွင့်​အ​ရေး​ကာ​ကွယ်​မြှင့်​တင်​သူ​များ​အား ​ကျယ်​ကျယ်​ပြန့်​ပြန့် ​ဖမ်း​ဆီး​နေ​မှု​တိုု့​က ​လက်​ရှိ​အ​စိုး​ရ​သည် ​ဖိ​နှိပ်​သည့်​အ​စိုး​ရ​အ​ဖြစ် ​ဆက်​လက်​တည်​ရှိ​နေ​သည်​ကိုု ​ပြ​သ​နေ​သည်။

​စည်း​ရုံုး​လှုံ့​ဆော်​ရေး​အ​ရာ​ရှိ ​လိုည်း​ပိုး​ငယ် ​က ​တာ​ဝန်​ရှိ​သူ​များ​အ​နေ​ဖြင့် ​လူ့​အ​ခွင့်​အ​ရေး​ကို ​လေး​စား ​လိုက်​နာ​ရန် ​ယ​ခု​လိုပြော​ဆိုသည် “​မြန်​မာ့​တပ်​မ​တော်​နဲ့ ​တိုင်း​ရင်း​သား ​လက်​နက်​ကိုုင်​အ​ဖွဲ့​တွေ ​အ​နေ​နဲ့ ​ဂျီ​နီ​ဗာ​ကွန်​ဗန်း​ရှင်း ​အ​ပါ​အ​ဝင် ​နိုုင်​ငံ​တ​ကာ ​ဥ​ပ​ဒေ​တွေ​ကို ​လေး​စား​လိုုက်​နာ​ပြီး​တော့၊ ​အ​ရပ်​သား​တွေ ​အ​ပေါ် ​ပစ်​မှတ်​ထား ​တိုက်​ခိုက်​တာ​ကို ​ချက်​ခြင်း​ရပ်​စဲ​ပါ။ ​အ​ရပ်​သား​တွေ​ရဲ့ ​အ​သက်၊ ​အိုး​အိမ်​နဲ့ ​ပိုင်​ဆိုုင်​မှု ​တွေ​ကို ​အ​လေး​ထား​စေ​လို​ပါ​တယ်”။

​ယ​ခုအ​စီ​ရင်​ခံ​စာ​နှင့် ​ပတ်​သက်​ပြီး ​ဆက်​သွယ်​လိုပါ​က။

​မြန်​မာ​နိုင်​ငံ​တွင်-

​လိုည်း​ပိုး​ငယ်၊ ​စည်း​ရုံးလှုံ့​ဆော်​ရေး​အ​ရာ​ရ
ဖုန်း – +၉၅ (၀) ၉ ၇၈၁ ၃၂၉ ၇၄၂

​ထိုင်း​နိုင်​ငံ​တွင်-

<ဟန်​ကြီး၊ ​​​ညှိ​နိုင်း​ဆောင်​ရွက်​ရေး​မှုး
ဖုန်း- +၆၆ (၀) ၈ ၁၉၆ ၁၅၉ ၉၂