ဆက်လက်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင်ထားသည့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (ND-Burma) ၏ အစီရင်ခံစာ

သတင်းထုတ်ပြန်ချက်

သြဂုတ်လ ၁၄ ရက်၊ ၂၀၁၄ ခုနှစ်

၂၀၁၄ ခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေကို မှတ် တမ်းတင်ထားသည့် အစီရင်ခံစာအား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (ND-Burma) မှ ထုတ်ပြန်လိုက်သည်။

အစီရင်ခံစာတွင် အစိုးရနှင့် စစ်တပ်က မြန်မာနိုင်ငံတ၀ှန်း ကျူးလွန် ချိုးဖောက်ခဲ့သည့် ဖြစ်ရပ် ၁၀၃ ခုကို မှတ်တမ်းတင် ဖော်ပြထားသည်။ ယခုအစီရင်ခံစာတွင် စိုးရိမ်ရသည့် လူ့ အခွင့်အရေးချိုးဖောက်မှုများ ဖြစ်သည့် ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မတရား ဖမ်း ဆီး ထိန်းသိမ်းခြင်း၊ အခွန်ကောက်ခံခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်း၊ ရွှေ့ပြောင်းခြင်း၊ လူ ကုန်ကူးမှုနှင့် အတင်းအဓမ္မပြုကျင့်ခံရခြင်းတို့ကို မှတ်တမ်းတင် ဖော်ပြထားသည်။

အဆိုပါ ချိုးဖောက်မှုများကို လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများနှင့် အပစ်အခတ်ရပ်စဲရေး ဒေသများတွင်ပါ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။ ND-Burma ၏ တွေ့ရှိချက်များက ပြသနေသည်မှာ အစိုးရ အနေဖြင့် လက်နက်ကိုင်အင်အားစုများနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ ရရှိသည်အထိ တိုးတက်မှုများ ရှိနေသော်ငြားလည်း မြန်မာပြည်သူများအား လူ့အခွင့်အရေးအရ အကာအကွယ်ပေးနိုင်မှု မဆိုသလောက်သာ ရှိ သည်ဟူသည့် အချက်ဖြစ်သည်။

စည်းရုံးလှုံ့ဆော်ရေးအဖွဲ့၀င် လိုည်းပိုးညိူ၀်း က “အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအ ကြား တပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းဆွေးနွေးနေပေမယ့် စစ်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူလူထုဟာ သူတို့ရဲ့ အိုးအိမ်တွေဆုံးရံှုးပြီး အသက်ရှင် ရပ်တည်ဖို့ ခက်ခဲတာကြောင့် ပြည်တွင်းစစ် ရှောင်ဒုက္ခသည်တွေအဖြစ် ကြီးထွားလာတာကို တွေ့ရတယ်” ဟု ပြောသည်။

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ၊ စည်းရုံးလံှုဆော်နေသူများမှာလည်း ဖိနှိပ်ခံနေရ ဆဲဖြစ်သည်။ စီမံအဖွဲ့၀င်တဦးဖြစ်သူ ဆလိုင်းဘွယ်ပီး က “ လူ့အခွင့်အရေး ကာကွယ် စောင့် ရှောက်သူတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေဟာ ပုဒ်မ ၁၈ လို ဖိနှပ်တဲ့ ဥပေဒတွေနဲ့ ဖမ်းဆီး အရေးယူခံနေရတယ်”ဟု ပြောသည်။ မကြာ သေးမီက ချင်းပြည်နယ်တွင် ဖြစ်ပွားခဲ့ သည့် ချင်းတိုင်းရင်းသူ၈ ဦးအား ပုဒ်မ ၁၈ ဖြင့် ခွင့်ပြုချက်မရှိဘဲ ဆန္ဒ ထုတ်ဖော်မှုဖြင့် အ ရေးယူခဲ့သည့် ကိစ္စကို ဥပမာအနေဖြင့် သူက ထောက်ပြပြောဆိုသည်။

အဆိုပါ ချင်းအမျိုးသမီးများမှာ ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်တောင်းခဲ့သော်လည်း အာဏာပိုင်တို့၏ ငြင်းဆို ခြင်းကို ခံခဲ့ရသည်။ ၄င်းတို့အနေဖြင့် ဇွန်လ ၁၀ ရက်နေ့က၊ မတူပီ မြို့နယ် ရီဇူးမြို့နယ်ခွဲတွင် အသက် ၅၅ နှစ်ရှိ အမျိုးသမီးတဦးအား စစ်တပ်မှ စစ်သားတဦး မှ အတင်းအဓမ္မပြုကျင့်စဉ် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံ ရသည့် ကိစ္စနှင့် ပတ်သက်ပြီး ဆန္ဒပြ ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖိနှိပ်မှုများ၊ အခက်အခဲများရှိနေသော်လည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ များအနေဖြင့် အမှန် တရားနှင့် တရားမျှတမှုဖော်ထုတ်ရန်အတွက် ရုန်းကန် တိုက်ပွဲ၀င်လျှက်ရှိသည်။ ဥပမာအနေဖြင့် ND-Burma ၏ အဖွဲ့၀င်အဖွဲ့အစည်းဖြစ်သည့် AAPP သည် NLD အဖွဲ့၀င် ၃၆ ယောက်တို့၏ စစ်ကြောရေးနှင့် ထောင်တွင်း အတွေ့အကြုံများကို ေ၀ငှ သည့် နိုင်ငံရေးအကျဉ်းသားများအတွက် အထိမ်းအမှတ်ပွဲ တခုကျင်းပခဲ့သည်။

Burmese (Jan – June 14)

ပိုမိုသိရှိလိုပါက
လိုည်းပိုးညိူဝ်း ဖုန်း (+၆၆) ၀၈၆၃၉၅၂၀၈၇ (ထိုင်းနိုင်ငံ)

ဆလိုင်းဘွေပီး ဖုန်း (+၉၅) ၀၉၇၃၀၂၃၁၃၉ (မြန်မာနိုင်ငံ)