ယခုအစီရင်ခံစာကာလအတွင်း မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် သိသိသာသာ အချိုးအကွေ့ များဖြစ်ပေါ်ခဲ့သည်။ တချိန်က နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုမှ အရပ်သားများကို ချီးမြှင့်သော အမြင့်ဆုံးဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆုကိုလက်ခံရယူပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။ ခရီးစဉ်အတွင်း အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးက နယူးယောက်မြို့သို့ ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်ရန် ရောက်ရှိနေသော သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပူးပေါင်းဆောင်ရွက်မှုကို  ဂုဏ်ယူဝင့်ကြွား ထုတ်ဖေါ်ပြောဆိုခဲ့ကြသည်။ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းပြောဆိုမှုနှင့် တခြားသော အချက်အလက်များအပေါ်အခြေခံ၍ အမေရိကန်ပြည်ထောင်စုသည် သွင်းကုန်ပိတ်ပင်ခြင်း ပိတ်ဆို့မှုအပါအဝင် ပြစ်ဒဏ်ခတ်အရေးယူမှုကို လျော့ပေါ့ပေးခဲ့သည်။

Downlaod