မြန်မာနိုင်ငံမှာ စစ်အစိုးရက ခလေးစစ်သား စုဆောင်းတာခံရတဲ့ ကလေးမိဘတွေကို အကူအညီပေးနေတဲ့ ILO အဖွဲ့ကို တိုင်ကြားပေးဖို့ စက်တင်ဘာ ၁၅ ရက် ဒီကနေ့ပဲ ကလေးမိဘတဦးက စစ်တပ်ထဲ ရောက်နေတဲ့ သားနဲ့တူကိစ္စ လာရောက် အကူအညီတောင်းခဲ့တယ်လို ပဲခူးလမ်းပြကြယ်အဖွဲ့က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လမ်းပြကြယ်အဖွဲ့ ဥက္ကဋ္ဌ ရှေ့နေ ဦးအေးမြင့်က RFA ကို အခုလို ပြောပြပါတယ်။


ဦးအေးမြင့်။ “ကျွန်တော်တို့ လမ်းပြကြယ်အဖွဲ့အနေနဲ့ ကလေးစစ်သားကို ဆောင်ရွက်တဲ့နေရာမှာ အခုဟာက ပြည်ပကို လူကုန်ကူးတာလို့ပဲ လူတွေက သိကြတယ်၊ ပြည်တွင်းမှာ ကလေးစစ်သားတွေ လူကုန်ကူးခံနေရတယ်၊ ကလေးစစ်သားတွေ ရောင်းစားခံနေရတယ်။ စစ်သားက တွေ့ရင်လည်း ကလေးကို အဓမ္မဆွဲ၊ လူတွေ ကွယ်ရာမှာ ထုရိုက်၊ အရပ်သားကတွေ့ရင်လည်း ဆွဲခေါ်သွားပြီးတော့ တဆင့်ပြီးတဆင့် ရောင်းစားခံနေရတာကို လူကုန်ကူးနေတာကို လမ်းပြကြယ်အဖွဲ့က လေ့လာ တွေ့ရှိရတယ်၊ ဒီနေ့အခုလို လာရောက် တိုင်ကြားသလို နောက်ထပ် ငါးဦးလည်း ဖုန်းကော၊ စာအဆက်အသွယ်နဲ့ပါ ငါးဦး ကလေးစစ်သား စုဆောင်းခံရတာကို ကျွန်တော်တို့ လမ်းပြကြယ်က တွေ့ရှိခဲ့ရပါတယ်။ ”

မိခင်ကို ဆေးကုဖို့ ရန်ကုန်မှာ အလုပ်သွားရှာခဲ့တဲ့သား နဲ့တူ ၂ ဦး ဟာ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလထဲက ပျောက်သွားခဲ့ပါတယ်။ နောက်မှပြန်သိရတာက ကြည့်မြင်တိုင်ဘူတာမှာ ရထားစောင့်နေတုန်း ကလေး ၂ ဦး ကို အတင်းရိုက်နှက် ခေါ်ဆောင်သွားပြီး ရေတပ်ထဲ ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

သားဖြစ်သူ မောင်သန်းထွန်းဦးနဲ့ တူတော်သူ မောင်ကျော်နိုင်ဝင်းတို့ အကြောင်းကို ဖခင်ဖြစ်သူ ဦးခင်လှိုင်က အခုလို ပြောပြပါ တယ်။

ဦးခင်လှိုင်။ “ကျွန်တော့ နာမယ်က ဦးခင်လှိုင်ပါ၊ ကျွန်တော့ သားလေး နာမယ်ကတော့ မောင်သန်းထွန်းဦးပါ၊ တူနာမယ်က ကျော်နိုင်ဝင်းပါ၊ အဲဒီ ကလေးနှစ်ယောက်ဟာ အိမ်ကနပြေီးတော့ နှစ်လ ဖေဖော်ဝါရီလကနပြေီးတော့ ထွက်သွားတာပါ၊ အဲဒီ ထွက်သွားတဲ့ ရက်က စပြီးတော့ ကျွန်တော်တို့ဟာ စုံစမ်းမေးမြန်းတာ၊ ရှိတာတွေလည်း ကုန်ပြီးတော့ ဘယ်တော့မှ အဆက်အသွယ် မရတော့ပါဘူး။ အဲဒါ မရတော့တဲ့ အချိန်လည်း ကျလည်းကျရော ဒီ သားနဲ့တူဟာ ဒီ အိမ်ကို ပြန်ရောက်လာပါတယ်။ ပြန်ရောက်လာလို့ သူတို့ရဲ့ ဒီပြောကြားတာကတော့ ကျွန်တော်တို့တွေ ဒီတပ်ထဲကနပြေီး ခွင့်နဲ့ ပြန်လာတာပါဆိုပြီးတော့ သူတို့ရဲ့ ဇာတ်ကြောင်းကို ပြောပြလို့ ကျွန်တော်တို့ သိတာပါ။ ရန်ကုန်တိုင်း ရပပ ရေတပ်ပင်မ ပစ္စည်းထိန်းသိမ်းရေးတပ်ကပါလို့ သူတို့က ပြောပြပါတယ်။ ရောက်သွားတယ်ဆိုပြီးတော့ သူတို့က ဒီလမ်းမှာ ဖြစ်တဲ့အကြောင်းတွေကို ကျွန်တော်တို့ကို အကုန်ပြောပြလို့ သိရပါတယ်။”

ကလေး ၂ ဦးဟာ စစ်သားစုဆောင်းရေး အမှတ် ၃၃ ကတဆင့် ရန်ကုန် သံလျက်စွန်း ရေတပ်စက်ပစ္စည်း ထိန်းသိမ်းရေး စခန်းတပ်ရောက်ပြီး ခွင့်နဲ့ ပြန်ရောက်ပြီးကတည်းက တပ်ထဲ ပြန်မသွားခဲ့တဲ့အတွက်ပဲ နေအိမ်မှာ စစ်တပ်က အိမ်ကိုလိုက်လာပြီး သူတို့ ၂ ဦးကို ပြန်ခေါ်ခဲ့ပါတယ်။

ကလေးတွေဟာ စစ်သားအဖြစ် အတင်းအဓမ္မ ဖမ်းဆီးခံခဲ့ရတာကြောင့် မိဘတွေက ကလေးတွေကို ပြန်ထည့်ဖို့ ငြင်းဆန်တဲ့အတွက် ရေတပ်က ရေခင်း မြို့နယ် ရဲစခန်းမှာ တပ်ပြေးများအဖြစ် တိုင်ကြားခဲ့ကြောင်း သိရပါတယ်။

၃ လအကြာမှာ မောင်ကျော်နိုင်ဝင်းဟာ ပြန်အဖမ်းခံရပြီး ရွှေဘိုမြို့ ရေတပ် ယာဉ်မောင်းသင်တန်းကျောင်း ပို့ခံရသလို မောင်သန်းထွန်းဦးဟာ ၆ လအကြာမှာ အဖမ်းခံရပြီး မင်းလှမြို့ ခလရ ၁ တပ်မ ၆၆ ကို ပို့ ခံရ ပါတယ်။ အဲဒီ နောက် ရန်ကုန် ရွှပြေည်သာ လှော်ကား အမှတ် ၂ စစ်အကျဉ်းထောင် မှာ အကျဉ်းချထားတယ်လို့ ဖခင်ဦးခင်လှိုင်က ပြောပြခဲ့ပါတယ်။

ILO ကို တိုင်ကြားရာမှာ ပဲခူးလမ်းပြကြယ်အဖွဲ့က အကူအညီပေးတဲ့ သတင်းကို နိုင်င
ံခြားအသံလွှင့်ဌာနတွေ သတင်းတွေကနေ ကြားသိရလို့ ကလေး မိဘတွေက မိမိတို့အဖွဲ့ထံ လာရောက် အကူအညီတောင်းခဲ့တယ်လို့ အဖွဲ့ဥက္ကဋ္ဌ ဦးအေးမြင့်က ပြောပြ ပါတယ်။