သတင်းထုတ်ပြန်ချက်

၂၀၁၄ ခုနှစ် ဖေဖော်၀ါရီလ ၁၁ ရက်
၂၀၁၃ ခုနှစ် ဒုတိယနှစ်၀က်ဖြစ်သည့် ဇူလိုင်လမှ ဒီဇင်ဘာလ အတွင်း မြန််မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၆ ခုကို အထောက်အထားခိုင်လုံစွာ မှတ် တမ်းတင်၍ လူ့အခွင့်အရေးမှတ် တမ်းကွန်ရက် (မြန်မာနိုင်ငံ)- ND-Burma မှ ဒုတိယအ ကြိမ်အဖြစ် အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှုများတွင်  မြေယာသိမ်းဆည်းမှုက အများဆုံးဖြစ်ပြီး ညႇဉျပန်းနှိပ်စက်မှု၊ မတရားဖမ်းဆီးမှု၊ မတရားသဖြင့် အခွန်ကောက်ခံမှု၊ တရားလက်လွတ် သတ်ဖြတ်မှု၊ အတင်းအဓမ်မခိုင်း စေမှု၊ လူကုန်ကူးမှု၊ အတင်းအဓမ်မရှှေ့ပြောင်းမှု၊ အဓမ်မပြုကျင့်မှု စသည်တို့ကို တွေ့ရှိရသည်။

သမ်မတဦးသိန်းစိန် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးရရှိစေရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက် နေသော်လည်း မြန်မာပြည်သူများ အထူးသဖြင့် တိုင်းရင်းသားဒေသများရှိ ပြည်သူတို့၏ ဘ၀မှာ ပိုမိုထူးခြား ကောင်းမွန်လာခြင်း မရှိပေ။ အစိုးရ၏လုပ်ရပ်များမှာ အပြောနှင့် လက်တွေ့မညီသည်ကိုတွေ့နေရသည်။

စည်းရုံးလှုံ့ဆော်ရေးအဖွဲ့၀င် တဦးဖြစ်သူ လွေးပိုုးညိူ၀်း က “ ND-Burma အဖွဲ့၀င်တွေ ပေးပို့တဲ့ မှတ်တမ်းတွေအရ စစ်တပ်အနေနဲ့ တိုင်းရင်းသားဒေသတွေက ပြည်သူတွေကို ပစ်မှတ်ထား ချိုးဖောက်နေတာဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို တန်ပြန် တိုက်ခိုက်ဖို့အတွက် နည်းဗျူဟာ တခုအနေနဲ့ အသုံးပြုနေတာ တွေ့ရတယ်၊ နိုင်ငံရေးအကျဉျးသားတွေလည်း နေရာဒေသအသီးသီးက အကျဉျးထောင်တွေထဲမှာ ဆက်ရှိနေတယ်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ တရားမဲ့ သတ်ဖြတ်မှုတွေ အပါအ၀င် လယ်ယာမြေသိမ်းဆည်းတာတွေလည်း ဆက်လက်ဖြစ်ပွားနေပါတယ်”ဟု ပြောသည်။

စီမံအဖွဲ့၀င် တဦးဖြစ်သူ ဆလိုင်းဘွယ်ပီး ကလည်း “လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အ ကြမ်းဖက်မှုတွေ ရှိနေတာကြောင့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေး တည်ဆောက်နေတာကို နှောင့်နှေးစေပါတယ်။ ဒီလုပ်ရပ်တွေကြောင့် တဖက်နဲ့တဖက် အကြား အပြန်အလှန်ယုံကြည်ဖို့ရာ ခက်ခဲစေပါတယ်” ဟု ပြောသည်။

အစိုးရအနေဖြင့် တဖက်တွင် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေသယောင် လုပ်ပြနေ သော်လည်း အခြားတဖက်မှလည်း ပြောင်းလဲမှုနှင့် ဆန့်ကျင်သည့် လုပ်ရပ်များကို လုပ် ဆောင်နေသည်။ ထို့ကြောင့် မြန်မာပြည်သူလူထုအနေဖြင့် အစိုးရ၏ ပြောဆို၊ လုပ်ဆောင် မှုများမှာ အပြောနှင့် လက်တွေ့မညီသည့် အတွက် ယုံကြည်ရန် ခဲယဉျးလျှက်ရှိသည်။

ND-Burma အနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို မြှင့်တင်နိုင်ရန်နှင့် လူ့အခွင့်အ ရေးချိုးဖောက်ခံရသူများ၏ အမှန်တရားနှင့် တရားမျှတမှု ရှာဖွေနေခြင်းကို ကူညီသည့်အ နေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်၍ အစီရင်ခံစာများ ထုတ်ပြန်နေ ခြင်းဖြစ်သည်။  အမှန်တရားကို ဖုံးကွယ်မထားဘဲ တရားမျှတမှုကို ဖော်ဆောင်ပေးနိုင် မှ သာ အစိုးရအနေဖြင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရရှိနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့များ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်း လုပ် ငန်းတွင် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင် ငံ) ကို ၂၀၀၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ကွန်ရက်အဖွဲ့၀င် ၁၀ ဖွဲ့သည် မြန်မာနိုင်ငံရှိ ပြည်သူ လူထု ခံစားနေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို မှတ်တမ်းတင်ကာ လတ် တလောတွင် စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများဖြင့် လူထု၏ နာကျင်၊ ခံစားရမှုများကို ဖော် ထုတ်ပေးနေသည်။ ရေရှည်တွင်လည်း စစ်မှန်သည့် အသွင်ကူးပြောင်းရေး ကာလတရပ်
တွင် အမှန်တရားနှင့် တရားမျှတမှု ဖော်ဆောင်နိုင်ရန်လည်း ပြင်ဆင် လုပ်ဆောင်နေ သည်။

အစီရင်ခံစာအပြည့်အစုံအား ပူးတွဲ့ပါဖိုင် (သို့) www.bur.nd-burma.org နေရာတွင် ရယူဖတ်ရှုနိုင်ပါသည်။

အစီရင်ခံစာအကြောင်း ပိုမိုသိရှိလိုပါက
(ထိုင်းနိုင်ငံတွင်)
လွေးပိုုးညိူ၀်း (စည်းရုံးလှုံ့ဆော်ရေးအဖွဲ့)
ဖုန်း +၆၆ (၀)၈၆၃၉ ၅၂၀၈၇
(မြန်မာနိုင်ငံတွင်)
ဆလိုင်းဘွေပိ (စီမံအဖွဲ့)
ဖုန်း +၉၅ (၀)၉၂၅၀၀၀၈၄၅၁

တို့အား ဆက်သွယ်နိုင်ပါသည်။