၂၀၂၄ ခုနှစ်၊ စက်တင်ဘာ(၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

စက်တင်ဘာလ (၁၅)ရက်နေ့မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ကချင်ပြည်နယ် တို့တွင် လေကြောင်း အသုံး ပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ရေဘေးသင့် ပြည်သူ များကို ကူညီပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းများကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခြင်း၊ ပစ္စည်းများ သိမ်းယူခြင်း၊ အာဏာပြခြိမ်းခြောက်ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှ ပြည်သူ (၁၀၀၀) ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီး ထားခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၀)ခန့် သေဆုံးခဲ့ပြီး (၂၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက တပတ်အတွင်း ပြည်သူ (၃၀)ကျော်ကို ဖမ်းဆီးခဲ့ရသည်။