၂၀၂၄ ခုနှစ်၊ ဩဂုတ်(၂၂)ရက်မှ (၃၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဩဂုတ်လ (၂၂)ရက်မှ (၃၁)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ မကွေးတိုင်းဒေသကြီး သရက်ထောင်နှင့် မကွေး ထောင်၊ ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြထောင် နှင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီထောင် တို့တွင် စစ်အာဏာ ရှင်လက်အောက်ခံ အကျဉ်းဦးစီးဌာနက နိုင်ငံရေးအကျဉ်းသားကို ညှင်းပန်းနှိပ်စက်ခြင်း၊ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် နေပြည်တော် တို့တွင် စစ်အာဏာရှင်တပ်သားများက စစ်မှုထမ်းရန် အသက်ပြည့်သူများကို အတင်းအဓမ္မဖမ်းဆီးခြင်း၊ ငွေကြေးတောင်းခံ ခြင်းများ ပြုလုပ်လျှက်ရှိသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၂၀)ကျော် သေဆုံးခဲ့ပြီး (၂၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက တပတ်အတွင်း လူပေါင်း (၁၀၀) ကျော်ကို ဖမ်းဆီးခဲ့သည်။