၂၀၂၄ ခုနှစ်၊ ဩဂုတ်(၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဩဂုတ်လ (၁၅)ရက်မှ (၂၁)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် စစ်မှုထမ်းရန်အတွက် ပြည်သူများကို အတင်းအဓမ္မဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦး အကျဉ်းထောင်နှင့် သာယာဝတီ အကျဉ်းထောင်တို့တွင် နိုင်ငံရေး အကျဉ်း သားများကို ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၂၀)ကျော် သေဆုံးခဲ့ပြီး (၄၀)ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက တပတ်အတွင်း လူပေါင်း (၂၀၀) ကျော်ကို ဖမ်းဆီးခဲ့သည်။