၂၀၂၄ ခုနှစ်၊ ဩဂုတ်(၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဩဂုတ်လ (၈)ရက်မှ (၁၄)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီး ဌာနရှိ ဝန်ထမ်းများက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ အကျဉ်း ထောင်နှင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီထောင် တို့တွင် နိုင်ငံရေး အကျဉ်းသားများကို ရိုက်နှက် ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်လျှက်ရှိသည်။ စစ်အာဏာရှင်တပ်သား များနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှုးများက မန္တလေးတိုင်းဒေသကြီး တွင် မသန်စွမ်းသူများ၊ ဥာဏ်ရည်မဖွံ့ဖြိုးသူများကို စစ်မှုထမ်းရန်အတွက် စာရင်းထည့်သွင်းခဲ့ခြင်း၊ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ အနေဖြင့် ထွက်ပြေးတိမ်းရှောင် နေပါက မိသားစုဝင်များကို ဖမ်းဆီး မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၀)ခန့် သေဆုံးခဲ့ပြီး (၅၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြောင့် အသက်မပြည့်သူ(၁)ဦး သေဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။