၂၀၂၄ ခုနှစ်၊ ဩဂုတ်(၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဩဂုတ်လ (၁)ရက်မှ (၇)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင်‌ လေကြောင်း အသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာ ရှင်တပ်သားများက ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် စစ်မှုထမ်း အပတ်စဉ်(၄) အတွက် လူငယ် များကို စာရင်းကောက်ယူ ဖမ်းဆီးလျှက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ် တို့မှ ဒေသခံပြည်သူ (၁၀၀)ကျော်ကို စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၀)ကျော် သေဆုံးခဲ့ပြီး (၄၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုး ဖောက်မှု များကြောင့် အသက်မပြည့်သူ (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။