၂၀၂၄ ခုနှစ်၊ ဇူလိုင် (၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇူလိုင်လ (၁၅)ရက်မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်း များ ပြုလုပ်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းတလျှောက် ကျေးရွာများကို စစ်အာ ဏာရှင်တပ်၏ ရေယာဉ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသားများကို ပဲခူးတိုင်းဒေသကြီးရှိ သာယာဝတီထောင်နှင့် ကျိုက်စကောထောင်များသို့ ထောင်အာဏာပိုင်များ က ပြောင်းရွေ့ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၄၀)ကျော် သေဆုံးခဲ့ပြီး (၂၀)နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တပတ်အတွင်း ပြည်သူ (၃၀)ကျော် ဖမ်းဆီးခံ ခဲ့ရပြီး စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ (၁၀)ဦးကျော် သေဆုံးခဲ့ရသည်။