၂၀၂၄ ခုနှစ်၊ ဧပြီလ (၈)ရက်မှ (၁၄)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဧပြီ (၈)ရက်နေ့မှ (၁၄)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်။ ကယားပြည်နယ် လွိုင်ကော်ထောင်၊ မွန်ပြည်နယ် ကျိုက်မရောထောင်၊ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ထောင် နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုထောင် တို့တွင် စစ်အာဏာရှင် လက်အောက်ခံ အကျဉ်းဦးစီးဌာနက နိုင်ငံရေး အကျဉ်းသားများ ကို အာဏာပြ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများ၊ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား အနေဖြင့် ဆေးကုသခွင့် လုံလောက်စွာ ရရှိရန် လိုအပ်လျှက်ရှိသည်။ စစ်အာဏာရှင်တပ်က ကရင်ပြည်နယ် မြဝတီ မြို့နယ်ကို ဖုန်း နှင့် အင်တာနက်လိုင်း ဖြတ်တောက်မှုများ ပြုလုပ်ထားသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၁၀)ဦးကျော် သေဆုံးခဲ့ပြီး (၄၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက် မှု များကြောင့် အသက်မပြည့်သူ (၁)ဦး သေဆုံးခဲ့ရပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့သည်။