၂၀၂၃ ခုနှစ်၊ ဇူလိုင် (၂၂)ရက်မှ (၃၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇူလိုင်လ (၂၂)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသ ကြီး နှင့် ရှမ်းပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ရန်ကိုင်းတိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်တွင် အမျိုးသမီး (၁)ဦး စစ်အာဏာရှင်တပ်သားများ၏ ကားဖြင့်တိုက်ဖမ်းဆီးမှုကြောင့် သေဆုံး ခဲ့ရသည်။ ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ်မှ ကျေးရွာ (၃၁)ရွာကိုလည်း လျှပ်စစ်မီးများ ဖြတ်တောက် ထားခဲ့သည်။ စစ်အာဏာရှင် တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှ ဒေသခံ ပြည်သူ (၁၀၀) ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးချခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီး သတ်ဖြတ်မှုကြောင့် မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဒေသခံ ပြည်သူ (၉)ဦးခန့် သေဆုံးခဲ့ရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ရှိ စစ်အာဏာရှင်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များက ဒေသခံ ပြည်သူများကို ပျုစောထီး သင်တန်းတတ်ရန် အာဏာပြ ခြိမ်းခြောက်လျှက်ရှိသည်။ စစ်အာဏာရှင်တပ်သားများက ဇူလိုင်လ ၂၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ မူဆယ်မြို့ကို ပုဒ်မ (၁၄၄) ထုတ်ပြန်ခဲ့သည် စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၁၁)ဦး သေဆုံးခဲ့သည်။