မတ် ၈ ရက်မှ ၁၄ရက်အတွင်း စစ်အာဏာရှင်တပ်မှ ရှမ်းတောင် ပင်လောင်းမှ ဒေသခံ ပြည်သူ ၃၀ကျော် အပါအဝင် အခြားဒေသမှ ပြည်သူ ၄၀ ကျော် ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ပြည်သူ ၂ဦးကို ခေါင်းဖြတ်သတ်ခဲ့သည်။ စစ်အာဏာရှင် တပ်အနေဖြင့် အရပ်သားပြည်သူများအပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှု များ၊ စစ်ရာဇဝတ်မှု ကျုးလွန်ခြင်းများ ဆက်လုပ်ကျုးလွန်နေဆဲဖြစ်သည်။ စစ်အာဏာရှင်တပ် အနေဖြင့် အရပ်သား ပြည်သူ ၁၉ဦးကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ တပတ်အတွင်း မကွေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် လေကြောင်း တိုက်ခိုက် ဗုံးကြဲမှုများ ၄ကြိမ် ပြုလုပ်ခဲ့သည်။ ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေ အကျဉ်းထောင်တွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၁ဦး သေဆုံးကာ ၄ဦး ဒဏ်ရာရှိခဲ့သည်။

စစ်အာဏာရှင်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၄ ဦး အပါအဝင် ပြည်သူ ၈ဦး သေဆုံးပြီး ခဲ့ပြီး ၁၇ ဦး ဒဏ်ရာရခဲ့သည်။စစ်ကိုင်းတိုင်း တန့်ဆည်မြို့မှ ဒေသခံ အမျိုးသမီးကို ဖမ်းဆီးကာ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည်။ စစ်ကိုင်းတိုင်း ကျွန်းလှမြို့မှ ဒေသခံ ပြည်သူများကို ပြည်သူ့စစ်သင်တန်းတတ်ရန် အဓမ္မခိုင်းစေခြင်း များ ပြုလုပ်လျှက်ရှိသည်။