မတ်လ ၁ ရက်မှ ၇ ရက်အတွင်း စစ်အာဏာရှင်တပ်က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာ မှ ဒေသခံ ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် လမ်းတွင် သတ်ဖြတ်ခဲ့တာ စွန့်ပစ်ထားခဲ့သည်။ မန္တလေးတိုင်း မြင်းခြုံမြို့နယ်မှ အရပ်သား ၅ ဦး၊ တနင်္သာရီတိုင်း လောင်းလုံးမှ အမျိုးသား ၆ဦး၊ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ပြည်သူ ၃ဦး နှင့် ရေဦးမှ လူငယ် ၅ ဦး တို့ကိုလည်း ဖမ်းဆီးသတ်ဖြတ် ခဲ့ကြသည်။ စစ်အာဏာ ရှင်တပ် အနေဖြင့် အရပ်သားပြည်သူများ‌အပေါ် ရည်ရွယ်ချက်ရှိရှိ အစုံလိုက်အပြုံလိုက် အကြမ်းဖက် သတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု ကျုးလွန်ခြင်းများ ဆက်လုပ်ပြုလုပ်နေဆဲဖြစ်သည်။စစ်အာဏာရှင်တပ်သား များက စစ်ကိုင်းတိုင်း တာတိုင်ရွာ မှ အမျိုးသမီး ၃ ဦးကို အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ခဲ့ပြီး၊ မြောက်နုံးရွာမှ အမျိုးသမီး ၁ ဦး ကို အဓမ္မပြုကျင့်ကာ မီးရှို့ သတ်ဖြတ်ခဲ့သည်။စစ်အာဏာရှင်တပ်မှ တပတ်အတွင်း ပြည်သူ ၃၄ ဦးခန့်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၄ ဦးကိုလည်း အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့သည်။